DVB Logo
Home
မြန်မာသတင်း
မြန်မာပြည်တွင်းစစ်ရပ်စဲရေး အိမ်နီးချင်းနိုင်ငံများပူးပေါင်းလုပ်ဆောင်ရန် ထိုင်းနိုင်ငံခြားရေးဝန်ကြီး တိုက်တွန်း
DVB
·
July 30, 2024
မြန်မာပြည်တွင်းစစ်ရပ်စဲရေး အိမ်နီးချင်းနိုင်ငံများပူးပေါင်းလုပ်ဆောင်ရန် ထိုင်းနိုင်ငံခြားရေးဝန်ကြီး တိုက်တွန်း
Donate to DVB

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေရပ်တန့်ဖို့ ပံ့ပိုးကူညီရာမှာ အိမ်နီးချင်းနိုင်ငံတွေက ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်လုပ်ဆောင်ကြဖို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး နိုင်းမာရစ်ဆငဲမ်ဖုန်းက တိုက်တွန်းလိုက် ပါတယ်။

လာအိုနိုင်ငံမြို့တော် ဗီယန်ကျင်းမှာ ကျင်းပတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကာလအတွင်း ဇူလိုင် ၂၇ ရက်က ကျိုဒိုသတင်းဌာနနဲ့ ထိုင်းသတင်းမီဒီယာတွေကို ပြောကြားလိုက်တာပါ။

မစ္စတာ မာရစ်က သူ့အနေနဲ့ အခုလအစောပိုင်းတုန်းက နယူးဒေလီမြို့မှာ ပြည်တွင်းစစ်နဲ့ ပတ်သက်လို့ တောင်အာရှနဲ့ အရှေ့တောင်အာရှနိုင်ငံတချို့ပါဝင်တဲ့ အစည်းအဝေးမှာ မြန်မာနဲ့ အိန္ဒိယနိုင်ငံတွေနဲ့ အလွတ်သဘော တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

မြန်မာနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ထိုင်းနဲ့ အိန္ဒိယနိုင်ငံတွေဟာ စစ်အာဏာသိမ်းပြီး နောက်ပိုင်း ဖြစ်ပွားနေတဲ့ တိုက်ပွဲနဲ့ ပဋိပက္ခတွေကြောင့်  အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရတဲ့ ဒုက္ခသည်တွေ အလုံးအရင်းနဲ့ ဝင်ရောက်လာတာတွေကို ရင်ဆိုင်နေရတာဖြစ်ပါတယ်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးက“နိုင်ငံအများအပြားဟာ မြန်မာစစ်အစိုးရအပေါ် အရင်ကထက် ပိုမိုပွင့်လင်းတဲ့ သဘော ထားအမြင်နဲ့ ရှုမြင်ထားတာကြောင့် (မြန်မာနိုင်ငံ အခြေအနေ တိုးတက်ဖို့) အခွင့်အလမ်းကောင်း ရှိတယ်လို့ ယုံကြည်ပါတယ်”လို့ ပြောပါတယ်။

ဒါ့အပြင် သုံးပွင့်ဆိုင် ဆွေးနွေးပွဲတွေ ကျင်းပတဲ့အခါ မြန်မာနိုင်ငံက ပိုပြီး ပွင့်လင်းတဲ့ အကြံဥာဏ်ရှိတယ်လို့ ခံစားရတယ်လို့လည်း အခုလအစောပိုင်းက အိန္ဒိယ၊ ထိုင်းနဲ့ မြန်မာ သုံးနိုင်ငံ ဘုံအကျိုးစီးပွားဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကိစ္စတွေ ဆွေးနွေးခဲ့ကြတဲ့ နိုင်ငံခြားရေး ဝန်ကြီးအဆင့် အစည်းအဝေးကို ရည်ညွှန်းပြီးတော့ မစ္စတာ မာရစ်က ပြောပါတယ်။

ပြည်တွင်း စစ်မီးတောက်လောင်နေတဲ့ မြန်မာနိုင်ငံကတော့ ထိုင်း၊ အိန္ဒိယ၊ တရုတ်၊ လာအို၊ ဘင်္ဂလားဒေ့ရှ်စတဲ့ အိမ်နီးချင်းနိုင်ငံတွေနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတာ ဖြစ်ပါတယ်။

Source: Bangkokpost

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013