DVB Logo
Home
မြန်မာသတင်း
၃ နှစ်ကျော်အတွင်း စစ်ကောင်စီက အစုအပြုံလိုက်သတ်ဖြတ်မှုပေါင်း ၂၄၇ ကြိမ်ကျူးလွန်ခဲ့
DVB
·
July 30, 2024
၃ နှစ်ကျော်အတွင်း စစ်ကောင်စီက အစုအပြုံလိုက်သတ်ဖြတ်မှုပေါင်း ၂၄၇ ကြိမ်ကျူးလွန်ခဲ့
Donate to DVB

အာဏာသိမ်း ၃ နှစ်ကျော်တာ ကာလအတွင်းမှာ စစ်ကောင်စီ သတ်ဖြတ်ခဲ့တဲ့ လူ ၅ ယောက်နဲ့ အထက် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု စုစုပေါင်း ၂၄၇ ကြိမ် ကျူးလွန်ခဲ့ပြီး နိုင်ငံတဝန်းက ပြည်သူပေါင်း ၂၇၀၄ ယောက် သေဆုံးခဲ့တယ်လို့ DVB data တွေအရ သိရပါတယ်။

အဆိုးဆုံး အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရမှုတွေကတော့ လူပေါင်း ၁၅၇ ယောက် သေဆုံးခဲ့ရတဲ့ ကန့်ဘလူမြို့နယ် (ပဇီကြီးလေကြောင်းတိုက်ခိုက်မှု ဖြစ်စဉ်) ဖြစ်ပြီးတော့ ဖားကန့် အနန့်ပါရွာမှာ လေကြောင်း တိုက်ခိုက်မှုမှာ လူပေါင်း ၈၀ သေဆုံးရပါတယ်။ နောက်ဆုံးဖြစ်စဉ်တွေထဲက ရခိုင်ပြည်နယ် စစ်တွေမြို့ ဗျိုင်းဖြူရွာမှာဆို ဒေသခံ ၅၁ ယောက်ကို သတ်ဖြတ်ခဲ့မှုနဲ့ စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ် မတောကျေးရွာလေကြောင်း တိုက်ခိုက်မှုကြောင့် လူ ၃၄ ယောက်တို့ သေဆုံးခဲ့ရတဲ့ဖြစ်စဉ် စတာတွေက အဆိုးဝါးဆုံးနဲ့ လူဦးရေအများဆုံးတွေအဖြစ် မှတ်တမ်းတင်ခံထားရတာပဲ ဖြစ်ပါတယ်။

အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရတဲ့အထဲ အမျိုးသား ၁၅၉၉ ယောက်၊ အမျိူးသမီး ၄၁၅ ယောက် နဲ့ ကျား/မ မခွဲခြားနိုင်သူ ၆၉၀ တို့ ဖြစ်ပြီး အဲဒီအထဲ အသက် ၁၈ နှစ်အောက် ကလေး ၂၅၈ ယောက်ပါဝင်နေတာပါ။

စစ်တပ် ကျူးလွန်တဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုပုံစံတွေက လက်နက်ကြီးနဲ့ ပစ်ခတ်တာ၊ လေကြောင်းကနေ တိုက်ခိုက်ခံရတာ၊ သေနတ်နဲ့ပစ်သတ်ခံရတာ၊ လူသားဒိုင်းအဖြစ်နဲ့ ခေါ်ယူပြီး သတ်ဖြတ်ခံရတာနဲ့ မီးရှို့သတ်ဖြတ်ခံရတာတွေ ဖြစ်တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013