DVB Logo
Home
မြန်မာသတင်း
ပဲခူးတွင် ရထားလမ်း ရေကျော်နေသဖြင့် ရန်ကုန်-မော်လမြိုင် ရထားခရီးစဉ် ယာယီရပ်ဆိုင်း
DVB
·
July 29, 2024
ပဲခူးတွင် ရထားလမ်း ရေကျော်နေသဖြင့် ရန်ကုန်-မော်လမြိုင် ရထားခရီးစဉ် ယာယီရပ်ဆိုင်း
1 / 3
Donate to DVB

ပဲခူးမြို့အတွင်းမှာ မိုးသည်းထန်စွာ ရွာသွန်းပြီး ရထားလမ်း ရေကျော်နေတာကြောင့် ရန်ကုန်-မော်လမြိုင် ရထားခရီးစဉ် ယာယီရပ်ဆိုင်းထားတယ်လို့ မော်လမြိုင်ဘူတာကြီးက မီးရထားဝန်ထမ်းတွေက ပြောပါတယ်။

ပဲခူးမြို့ထဲမှာ မိုးသည်းထန်စွာ ရွာသွန်းနေတာကြောင့် ပဲခူးဘူတာဝင်းထဲရှိ တံတား အမှတ် ၆၀မှာ ရေကျော်နေပြီး ရထားဖြတ်သန်းလို့ မရတာကြောင့် ဇူလိုင် ၂၉ ရက်နေ့ မော်လမြိုင် ဘူတာကြီးက နေထွက်မယ့် ၈၂ အစုန် မော်လမြိုင်-ရန်ကုန် ရထားနဲ့ ရန်ကုန်ဘူတာကြီးကနေ ထွက်မယ့် အမှတ် ၈၁ အဆန် ရန်ကုန်-မော်လမြိုင်ရထားရီးစဉ်တွေကို ယာယီရပ်ဆိုင်းခဲ့ပါတယ်။

ရေကြီးနေတာကြောင့် ရန်ကုန်-မော်လမြိုင် အစုန်-အဆန်ရထားခရီးစဉ်ကို ရပ်ဆိုင်းထားတာ ဖြစ်ပြီး ရေကျတာနဲ့ အမြန်ဆုံးပြန်လည်ပြေးဆွဲသွားမယ်လို့ မော်လမြိုင်ဘူတာကြီးက ဝန်ထမ်းတဦးက ပြောပါတယ်။

“ပဲခူးဘူတာဝင်း တံတားအမှတ် ၆၀ထဲမှာ ရေကကြီးနေတာ လုံးဝဖြတ်မရတဲ့ အခြေအနေဖြစ်နေလို့ ရပ်နားထားရတာပါ။ အဲဒီနေရာအပြင် တခြားရထားသံလမ်းတွေ ရေမြုပ်မှု ရှိ၊ မရှိ စစ်ဆေးနေတုန်းပါပဲ။ ဘယ်နေ့ ပြန်ထွက်မယ်ဆိုတာတော့ အတိအကျ ပြောမရသေးဘူး။ ရေကျတာ‌နဲ့ ကြံ့ခိုင်မှုစစ်ပြီး ချက်ချင်းပြန်ထွက်မှာ။ ရေက တရက် နှစ်ရက်အတွင်း ပြန်ကျမယ်လို့တော့ မျှော်လင့်ထားပါတယ်။” 

မော်လမြိုင်ဘူတာကြီးရောက်ပြီးမှ ကြိုတင်အကြောင်းမကြားဘဲ ရထားအရေးပေါ် ဖျက်သိမ်းလိုက်တဲ့အတွက် ခရီးသွားလာရာမှာ အခက်အခဲတွေရှိသွားတယ်လို့ မော်လမြိုင်မြို့ခံတဦးက ပြောပါတယ်။

“မနက်စောစော ခရီးသွားမယ်ဆိုပြီး ဘူတာကြီးရောက်ပြီး‌မှ ရထားခရီးစဉ်ကို ရေကြီးလို့ အရေးပေါ် ဖျက်သိမ်းလိုက်ရတယ် ပြောတယ်။ ကြိုတင်အကြောင်းမကြားတဲ့ ကားတွေနဲ့ ပြန်ချိတ်ပြီး မစီစဉ်ပေးတော့ ဒုက္ခရောက်‌တာပေါ့။ ကားဂိတ်တွေသွားတော့လည်း ရေကြီးတာကြောင့် တဝက်လောက် ပိတ်ထားပြီး တဝက်လောက်ကလည်း လက်မှတ်တွေ အပြည့်ဖြစ်နေတယ်။” 

ဇူလိုင် ၂၉ ရက်မှာ ဖျက်သိမ်းခဲ့တဲ့ ရထားခရီးစဉ်အတွက် လက်မှတ်ဝယ်ယူထားသူတွေကို မော်လမြိုင်ဘူတာကြီး နေ့ချင်းလက်မှတ်ရုံမှာ ငွေပြန်အမ်းပေးသွားမယ်လို့ မော်လမြိုင်ဘူတာကြီးက ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013