DVB Logo
Home
အားကစား
PSG နှင့် အက်သလက်တီကို အသင်းတို့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်တက် 
DVB
·
April 15, 2026
Photo: Reuters 
Photo: Reuters 
Donate to DVB

ဒီမနက်အစောပိုင်းယှဉ်ပြိုင်ကစားခဲ့တဲ့ ဥရောပ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့ ပွဲစဉ်တွေအပြီးမှာ ပြင်သစ်ထပ်သီး PSG အသင်းက လီဗာပူးကို အနိုင်ရပြီး ဆီမီးဖိုင်နယ် တက်သွားသလို အက်သလက်တီကို အသင်းကလည်း ပြိုင်ဘက် ဘာစီလိုနာကို ကျော်ဖြတ်ပြီး ဆီမီးဖိုင်နယ် တက်ရောက်သွားပါတယ်။

PSG အသင်းက လီဗာပူးရဲ့ အိမ်ကွင်းအန်ဖီးလ်ကွင်းမှာ အူစမန်ဒမ်ဘီလီရဲ့ သွင်းဂိုး ၂ ဂိုးကြောင့် (၂-၀) ဂိုးနဲ့ လီဗာပူးကို အနိုင်ရခဲ့ပြီး  နှစ်ကျော့ပေါင်းရလဒ် (၄-၀) ဂိုးနဲ့ ဆီမီးဖိုင်နယ်တက်သွားတာ ဖြစ်ပါတယ်။

လက်ရှိ ဥရောပချန်ပီယံ PSG အသင်းဟာ ခံစစ်ကျစ်ကျစ်လျစ်လျစ်နဲ့ တန်ပြန်တိုက်စစ်ကစားကာ အနိုင်ဂိုးတွေသွင်းပြီး ဆီမီးဖိုင်နယ်ကို တက်လှမ်းသွားခဲ့တာပါ။ 

ဒုတိယပိုင်းမှာ မက်အယ်လစ္စတာ ပင်နယ်တီရခဲ့ပေမဲ့ VAR က ပြန်လည်ပယ်ဖျက်ခဲ့သလို၊ အဓိကတိုက်စစ်မှူး အီကီတီကေးလည်း ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့တာကြောင့် လီဗာပူးအတွက် ကံဆိုးတဲ့ည ဖြစ်ခဲ့ပါတယ်။

လီဗာပူးအနေနဲ့ လာမဲ့တနင်္ဂနွေနေ့မှာ ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် အဲဗာတန်နဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး လာမဲ့ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်အတွက်သာ အာရုံစိုက်ကစားရတာ့မှာ ဖြစ်ပါတယ်။

ဒီမနက်ကစားသွားတဲ့ နောက်ထပ် ကွာတားဖိုင်နယ်ပွဲစဉ်တခုမှာတော့ စပိန်ထိပ်သီး ဘာစီလိုနာဟာ ယာမဲလ်နဲ့ ဖာရန်တောရက်စ်တို့ရဲ့ ဂိုးတွေနဲ့ အက်သလက်တီကိုအသင်းကို အနိုင်ရခဲ့ပေမဲ့  နှစ်ကျော့ပေါင်း ရလဒ် (၃-၂) ဂိုးနဲ့ ရှုံးနိမ့်ခဲ့တာကြောင့် ပြိုင်ပွဲကနေ ထွက်ခဲ့ပြီး အက်သလက်တီကို အသင်းက ဆီမီးဖိုင်နယ် တက်ရောက်သွားနိုင်ခဲ့ပါတယ်။ 

အက်သလက်တီကိုအတွက် လွတ်မန်းက အရေးပါတဲ့ဂိုး သွင်းပေးခဲ့တာဖြစ်ပြီး ၉ နှစ်အတွင်း ပထမဆုံးအကြိမ် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပြန်လည်တက်ရောက်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

ဒုတိယပိုင်းမှာ ဘာကရဲ့ သွင်းဂိုးတဂိုး VAR ကြောင့် ပယ်ဖျက်ခံရသလို၊ အဲရစ်ဂါစီယာ အနီကတ်ပြခံရတာက ဘာစီလိုနာရဲ့ အလှည့်အပြောင်းမျှော်လင့်ချက်ကို အဆုံးသတ်စေခဲ့ပါတယ်။ 

PSG အသင်းဟာ ဆီမီးဖိုင်နယ်မှာ ရီရဲလ်မက်ဒရစ် ဒါမှမဟုတ် ဘိုင်ယန်မြူနစ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး အက်သလက်တီကိုအသင်းကတော့ ဆီမီးဖိုင်နယ်မှာ အာဆင်နယ် ဒါမှမဟုတ် စပို့တင်းအသင်းနဲ့ ဆုံတွေ့ ရမှာ ဖြစ်ပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013