DVB Logo
Home
နိုင်ငံတကာ
လေလွင့်ခွေး ရှင်းလင်းမည့် ဥပဒေကြမ်းကို ကန့်ကွက်သူများနှင့် တူရကီရဲတပ်ဖွဲ့ ထိပ်တိုက်တွေ့
DVB
·
July 27, 2024
လေလွင့်ခွေး ရှင်းလင်းမည့် ဥပဒေကြမ်းကို ကန့်ကွက်သူများနှင့် တူရကီရဲတပ်ဖွဲ့ ထိပ်တိုက်တွေ့
Donate to DVB

တူရကီနိုင်ငံမှာ သန်းနဲ့ချီတဲ့ လေလွင့်ခွေးများကို အစုလိုက်အပြုံလိုက် ရှင်းထုတ်ပစ်မယ့် အစီအစဉ် ကို ဆန့်ကျင်ကန့်ကွက်တဲ့ မြို့တော်အန်ကာရာမှာ ဇူလိုင် ၂၆ ရက်က ဆန္ဒပြပွဲ တခုအတွင်း  တူရကီရဲတပ်ဖွဲ့ဟာ ဆန္ဒပြသူတွေနဲ့ ထိပ်တိုက်တွေ့ခဲ့ကြပါတယ်။ 

ဆန္ဒပြသူတွေဟာ မြို့လယ်မှာ စုဝေးဖို့ ကြိုးပမ်းခဲ့တာကြောင့် ရဲတပ်ဖွဲ့က ဆန္ဒပြသူတွေကို တွန်းတွန်း တိုက်တိုက် လုပ်ခဲ့ရာကနေ ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့တာပါ။ 

ဆန္ဒပြသူတွေဟာ “ခွေးတွေကို သတ်လို့မရ”၊ ဒီဥပဒေကို ပြန်ရုပ်သိမ်းလိုက် စသဖြင့် ‌ရေးသား ထားတဲ့ ဆိုင်းဘုတ်တွေကို ကိုင်ဆောင်ထားကြပါတယ်။  

ခွေးတွေကို အစုလိုက်အပြုံလိုက် ရှင်းလင်းရေး အစီအမံဟာ အမိုးအကာတွေမှာ သော့ခတ် ထားခြင်းထက် ပိုကောင်းမွန်တဲ့ ဖြေရှင်းချက် ဖြစ်တယ်လို့ အခုလအစောပိုင်းမှာ သမ္မတ တေယစ်ပ် အာရ်ဒိုဂန်ရဲ့ အာဏာရ AK ပါတီက လွှတ်တော်ကို တင်ပြခဲ့တဲ့ အဲဒီအစီအစဉ်ကို တိရိစ္ဆာန်ချစ်သူတွေ အထိတ်တလန့် ဖြစ်ခဲ့ကြပါတယ်။ 

အဲဒီဥပဒေမူကြမ်းအရ စည်ပင်သာယာရေးအဖွဲ့တွေဟာ ခွေးတွေ လမ်းတွေပေါ်မှာ လျှောက်သွား နေတာနဲ့ မွေးစားမခံရသေးဘဲ အမိုးအကာထဲ ထည့်ထားတာတွေကို အရေးယူတော့မှာ ဖြစ်ပြီး ရန်လို လိုက်ကိုက်နေတဲ့ ခွေးတွေနဲ့ ကုလို့ မရနိုင်တဲ့ ရောဂါရှိ ခွေးတွေကိုလည်း သုတ်သင်ပစ်မှာ ဖြစ်ပါတယ်။ 

တူရကီမှာ လမ်းဘေးခွေးတွေရဲ့ ဦးရေဟာ ခန့်မှန်းခြေ ၄ သန်းလောက် ရှိပြီး ပြီးခဲ့တဲ့ နှစ်ပေါင်း ၂၀ အတွင်းမှာ မြူနီစပယ်ဟာ လမ်းဘေးခွေးပေါက်ပွားမှုကို ထိန်းချုပ်နိုင်ဖို့ ခွေးကောင်ရေ ၂ သန်းခွဲ လောက်ကို သင်းကွပ်ခဲ့ကြောင်း အဲဒီဥပဒေမူကြမ်းအရ သိရပါတယ်။ 

လက်ရှိမှာ ခွေးကောင်ရေ ၁၀၅,၀၀၀ ထားရှိနိုင်တဲ့ တိရစ္ဆာန်ဂေဟာ ၃၂၂ ခု ရှိကြောင်းလည်း ဥပဒေကြမ်းမှာ ဖော်ပြထားပါတယ်။ 

Source-Reuters 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013