DVB Logo
Home
နိုင်ငံတကာ
ကမ်မလာဟားရစ်ကို သမ္မတလောင်းအဖြစ် ဒီမိုကရက်တစ် အမျိုးသမီးအမတ်များ ထောက်ခံ
DVB
·
July 26, 2024
ကမ်မလာဟားရစ်ကို သမ္မတလောင်းအဖြစ် ဒီမိုကရက်တစ် အမျိုးသမီးအမတ်များ ထောက်ခံ
Donate to DVB

အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌဟောင်း နန်စီပယ်လိုစီနဲ့ အောက်လွှတ်တော် ဒီမိုကရက်တစ်အမျိုးသမီးအမတ်တွေဟာ ဇူလိုင် ၂၅ ရက်က ကမ်မလာ ဟားရစ်ကို ဒီမိုကရက်တစ် ၂၀၂၄ သမ္မတလောင်းအဖြစ် အသိအမှတ်ပြုဖို့ တရားဝင် ထောက်ခံ အတည်ပြုခဲ့ကြပါတယ်။

သြဇာကြီးမားတဲ့ ဒီမိုကရက်တစ်ပါတီဝင် ပယ်လိုစီဟာ ဟားရစ်ကို ထောက်ခံအားပေးကြဖို့ အစောပိုင်း ၂ ရက်ကလည်း ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

ကြာသပတေးနေ့မှာတော့ ပယ်လိုစီက ဟားရစ်ဟာ “တရားဝင် အသိအမှတ်ပြုခံရပြီး ပုဂ္ဂိုလ်ရေးအရရော၊ နိုင်ငံရေးအရပါ နိုဝင်ဘာလအောင်ပွဲကို ဦးဆောင်မယ့် စွမ်းဆောင်နိုင်သူ ဖြစ်ပါတယ်” လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

ကမ်မလာ ဟားရစ်ကို ဆယ်စုနှစ်နဲ့ချီပြီး သူ့ရဲ့ ခွန်အား၊ ပြည်သူ့မူဝါဒအရ ခိုင်မာမှုနဲ့ ဆုံးဖြတ်ချက်ကို တရားဝင်သိရှိထားပြီးသူ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ယုံကြည်ချက်ကြီးမားသူ၊ နက်နဲသော ယုံကြည်မှုရှိသူဖြစ်ပြီး ကိုယ်ကျိုးမဖက်ဆုံးသောနည်းနဲ့ ပြည်သူ့ဝန် ထမ်းဆောင်ဖို့အတွက် ကတိကဝတ် ပြုထားသူလည်း ဖြစ်တယ်လို့ ဆိုပါတယ်။

သမ္မတ ဂျိုးဘိုင်ဒင်ဟာ တိုင်းပြည်ကို စည်းလုံးညီညွတ်ပြီး ဒီမိုကရေစီကို ကယ်တင်ဖို့ အကောင်းဆုံးနည်းလမ်းအဖြစ် သူ့ရဲ့ ပြန်လည်ရွေးကောက်တင်မြှောက်ပွဲကို စွန့်လွှတ်လိုက်တယ်လို့ မိန့်ခွန်းပြောပြီး နာရီပိုင်းအကြာမှာပဲ ပယ်လိုစီဟာ “အမေရိကန်သမိုင်းမှာ အကျိုးအရှိဆုံး သမ္မတတွေထဲက တဦး” အဖြစ် သမ္မတ ဘိုင်ဒင်ကို ချီးကျူးခဲ့ပါတယ်။

ဘိုင်ဒင်ဟာ သူတို့ဆွေးနွေးခဲ့တဲ့ တိုးတက်မှုများစွာကို ပြီးမြောက် အောင်မြင်အောင် စွမ်းဆောင်နိုင်ခဲ့တယ်လို့လည်း ပြောပါတယ်။

ရှေ့ဆက် တိုးတက်မှုအတွက် အကောင်းဆုံးနည်းလမ်းမှာ မီးရှူးတိုင်ကို တခြားမျိုးဆက်ကို လွှဲပြောင်းပေးလိုက်တာပဲလို့လည်း ဆိုပါတယ်။

အမေရိကန် အောက်လွှတ်တော် လူနည်းစုပါတီက ဒုတိယ အဆင့်မြင့်ဆုံးပုဂ္ဂိုလ် ကက်သရင်း ကလပ်ခ် ကလည်း ဒုသမ္မတ ဟားရစ်ဟာ အဲဒီတိုးတက်မှုကို တည်ဆောက်ဖို့ ကြိုးစားနေပြီး အမေရိကန်ရဲ့ ဒီမိုကရေစီကို ကယ်တင်ဖို့နဲ့ အလုပ်သမားတွေအတွက် အလုပ်လုပ်ပေးမယ့် စီးပွားရေးကို ဖန်တီးဖို့၊ ဒီနိုင်ငံတဝန်းမှာ မျိုးပွားမှုဆိုင်ရာ လွတ်လပ်ခွင့်ကို ကာကွယ်ဖို့ တိုက်ပွဲဝင်နေတာကြောင့် အောက်လွှတ်တော်က ဒီမိုကရက်တစ် အမျိုးသမီးတွေကလည်း အမေရိကန်ပြည်ထောင်စုရဲ့ သမ္မတအတွက် သူ့ရဲ့ မဲဆွယ်စည်းရုံးမှုကို ဂုဏ်ယူဝင့်ကြွားစွာနဲ့ ထောက်ခံအားပေးနေကြတာပါလို့ ပြောပါတယ်။

အမေရိကန်သမ္မတဟောင်း ဘားရက်ခ် အိုဘားမားက ဟားရစ်ကို မကြာခင်မှာ အသိအမှတ်ပြု ထောက်ခံတော့မယ့်အကြောင်း NBC သတင်းဌာနက ကြေညာခဲ့ပြီးနောက်မှာ ပယ်လိုစီရဲ့ ထောက်ခံချက်လည်း ထွက်ပေါ်လာခဲ့ပါတယ်။

Source-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013