DVB Logo
Home
နိုင်ငံတကာ
မြောက်ကိုရီးယားစီးပွားရေး ပြန်မြင့်တက်
DVB
·
July 26, 2024
မြောက်ကိုရီးယားစီးပွားရေး ပြန်မြင့်တက်
Donate to DVB

မြောက်ကိုရီးယားဟာ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် နယ်စပ်ထိန်းချုပ်မှုတွေကို ဖြေလျှော့ပေးပြီးနောက် တရုတ်နဲ့ ကုန်သွယ်မှု တိုးလာခဲ့တာကြောင့် ၃ နှစ်ဆက်တိုက် စီးပွားရေးကျဆင်းခဲ့ပြီးနောက် ၂၀၂၃ ခုနှစ်မှာ ပြည်တွင်း အသားတင်ထုတ်လုပ်မှုတန်ဖိုး (GDP) က ၃ ဒသမ ၁ ရာခိုင်နှုန်းလောက်အထိ သိသိသာသာ တိုးတက်လာခဲ့ကြောင်း ဇူလိုင် ၂၆ ရက်က တောင်ကိုရီးယား ဗဟိုဘဏ်ရဲ့ ခန့်မှန်းချက်အရ သိရပါတယ်။

ဒါဟာ ၂၀၁၆ ခုနှစ်နောက်ပိုင်း အကြီးမားဆုံး ရာခိုင်နှုန်း တိုးလာတာဖြစ်တယ်လို့ ကိုရီးယားဘဏ် (BOK) က ပြောကြားခဲ့ပါတယ်။

၂၀၂၃ ခုနှစ်ရဲ့ စီးပွားရေးမှာ စက်မှုကဏ္ဍက ၃၀ ဒသမ ၇ ရာခိုင်နှုန်း၊ စိုက်ပျိုးရေးကဏ္ဍမှာ ၂၂ ဒသမ ၀ ရာခိုင်နှုန်းနဲ့ ဆောက်လုပ်ရေးကဏ္ဍမှာ ၁၁ ဒသမ ၀ ရာခိုင်နှုန်း အသီးသီး ရှိနေတယ်လို့ ဆိုပါတယ်။

မြောက်ကိုရီးယားရဲ့ စီးပွားရေးဟာ ကိုဗစ် ကန့်သတ်ချက်တွေနဲ့ ကုလသမဂ္ဂရဲ့ ပိတ်ဆို့မှုတွေကြားမှာ ၂၀၂၀၊ ၂၀၂၁ နဲ့ ၂၀၂၂ ခုနှစ်တို့မှာ ၃ နှစ်ဆက်တိုက် ကျဆင်းခဲ့တာပါ။

၂၀၂၃ ခုနှစ်မှာတော့ တရုတ်နိုင်ငံနဲ့ မြောက်ကိုရီးယားရဲ့ ကုန်သွယ်မှုဟာ စုစုပေါင်း ကုန်သွယ်မှုပမာဏရဲ့ ၉၈ ဒသမ ၃ ရာခိုင်နှုန်းရှိကြောင်း BOK က ဖော်ပြခဲ့ပါတယ်။

ကိုရီးယားဘဏ် (BOK) ဟာ ၁၉၉၁ ခုနှစ်က စတင်ပြီး မြောက်ကိုရီးယားရဲ့ စီးပွားရေး ခန့်မှန်းချက်တွေကို ထုတ်ပြန်ခဲ့တာဖြစ်ပြီး ထောက်လှမ်းရေးအချက်အလက်တွေ၊ နိုင်ငံခြားကုန်သွယ် အေဂျင်စီတွေ အပါအဝင် ရင်းမြစ်အမျိုးမျိုးက အချက်အလက်တွေနဲ့ တောင်ကိုရီးယားရဲ့ ပေါင်းစည်းရေးဝန်ကြီးဌာနက အချက်အလက်တွေကို အခြေခံထားတာ ဖြစ်ပါတယ်။

Source-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013