DVB Logo
Home
အားကစား
အိုလံပစ်ပြိုင်ပွဲဝင် ဩစတြေးလျ ဝါတာပိုလို ကစားသမား ၅ ဦးတွင် ကိုဗစ်-၁၉ ရောဂါတွေ့
DVB
·
July 26, 2024
အိုလံပစ်ပြိုင်ပွဲဝင် ဩစတြေးလျ ဝါတာပိုလို ကစားသမား ၅ ဦးတွင် ကိုဗစ်-၁၉ ရောဂါတွေ့
Donate to DVB

အိုလံပစ်ပြိုင်ပွဲဝင် ဩစတြေးလျအမျိုးသမီး ဝါတာပိုလိုကစားသမား ၅ ဦး ကိုဗစ်-၁၉ ရောဂါပိုး တွေ့ခဲ့ပါတယ်။

ပြိုင်ပွဲမယှဉ်ပြိုင်မီ ကိုဗစ်ရောဂါ စစ်ဆေးတဲ့အခါ ဩစတြေးလျ ကစားသမား ၂ ဦး ဇူလိုင် ၂၃ ရက်က တွေ့ခဲ့တာ ဖြစ်ပြီး ကိုဗစ်ရောဂါတွေ့သူ ၅ ဦးရှိကြောင်း ဩစတြေးလျအသင်းအုပ်ချုပ်သူ အန်နာက မီဒီယာတွေနဲ့ တွေ့ချိန်မှာ ပြောပါတယ်။

အန်နာက “ကိုဗစ်ပိုးတွေ့တဲ့ ကစားသမား ၅ ဦးရဲ့ ကျန်းမာရေးကောင်းပါတယ်။ ဝါတာပိုလို ၁ သင်းလုံးကိုဗစ်ရောဂါ ရှိမရှိစစ်ဆေးထားပါတယ်”လို့ ပြောပါတယ်။

ကိုဗစ်ရောဂါကြောင့် ကစားသမားတွေမကျန်းမာပါက ဩစတြေးလျ အိုလံပစ်ကော်မတီအနေနဲ့ ကစားသမားသစ်တွေ အားဖြည့် သွားမှာဖြစ်ပါတယ်။

ဩစတြေးလျအသင်းဟာ အိုလံပစ်ပြိုင်ပွဲမှာ အားကစားနည်း ၃၀ မှာ ကစားသမားပေါင်း ၄၆၀ ဝင်ရောက်ယှဉ်ပြိုင် သွားမှာ ဖြစ်ပါတယ်။

ဩစတြေးလျ ဝါတာပိုလိုအသင်းမှာ အမျိုးသား ၁၃ ဦး အမျိုးသမီး ၁၃ ဦး ပေါင်း ၂၆ ဦးပါဝင် ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013