DVB Logo
Home
နိုင်ငံတကာ
မိကျောင်းအကောင် ၅၀၀ ရှိသည့်မြစ်အတွင်း ၂၀၃၂ အိုလံပစ် လှေလှော်ပြိုင်ပွဲ ကျင်းပမည်
DVB
·
September 18, 2026
Photo: AUSTRALIAN BROADCASTING CORPORATION / NETWORK TEN
Photo: AUSTRALIAN BROADCASTING CORPORATION / NETWORK TEN
Donate to DVB

၂၀၃၂ အိုလံပစ် လှေလှော်ပြိုင်ပွဲကို မိကျောင်း အကောင် ၅၀၀ ရှိတဲ့ မြစ်မှာ ကျင်းပမယ်လို့ ရိုက်တာက ဖော်ပြပါတယ်။

ဩစတြေးလျနိုင်ငံရဲ့ ကျောင်းလှေလှော်ပြိုင်ပွဲတွေကို ကွင်းစလန်မှာ နှစ်စဉ်ကျင်းပလေ့ရှိပေမဲ့ လူအများရဲ့ အာရုံစိုက်မှုမခံရဘဲ ပြီးဆုံးလေ့ရှိပါတယ်။

ပြီးခဲ့တဲ့အပတ်ကပဲ ဆယ်ကျော်သက် ကျောင်းသား ၆၀၀ ကျော်ဟာ မိကျောင်းတွေရှိတဲ့ ဖစ်ရှိုင်းမြစ်မှာ လှေလှော်ပွဲ ကျင်းပခဲ့တယ်လို့လည်း သတင်းတွေမှာ ဖော်ပြပါတယ်။
ပုံမှန်ဆို ကျောင်းလှေလှော်ပြိုင်ပွဲတွေကို မီဒီယာတွေက စိတ်ဝင်စားလေ့ မရှိပေမဲ့ အခုအချိန်မှာ ၂၀၃၂ အိုလံပစ်နဲ့ ပါရာလမ်ပစ်ပြိုင်ပွဲအတွက် လှေလှော်နဲ့ ကနူးလှေပြိုင်ပွဲတွေ ကျင်းပဖို့ ရှိနေတာကြောင့် စိတ်ဝင်စားမှု မြင့်တက်နေတာပါ။

မိကျောင်းတွေရှိတဲ့မြစ်မှာ ကျင်းပဖို့ လုံခြုံရေးပိုင်း၊ ယှဉ်ပြိုင်မှုအပိုင်းနဲ့ နည်းပညာအကဲဖြတ်မှုတွေ မှာလည်း ထောက်ခံချက် ရရှိပြီးပြီလို့ ဆိုပါတယ်။

ဒီမြစ်ထဲမှာ ရေငံမိကျောင်းတွေ နေထိုင်ပြီး ကောင်ရေ ၅၀၀ ဝန်းကျင်ရှိမယ်လို့ ဖော်ပြပါတယ်။

မိကျောင်းတွေဟာ ၁၃ ပေအထိ အရှည်ရှိကာ နှစ်ပေါင်း ၄၀ အတွင်း လူတွေကို တိုက်ခိုက်တာမျိုး မရှိဘူးလို့လည်း ဒေသခံအာဏာပိုင်တွေက ဖော်ပြပါတယ်။

ဖစ်ရှိုင်းမြစ်မှာ အိုလံပစ် လှေလှော်အားကစားပြိုင်ပွဲတွေ ကျင်းပဖို့ ကမ္ဘာ့လှေလှော်အဖွဲ့အချုပ်နဲ့ နိုင်ငံတကာ အိုလံပစ်ကော်မတီ (IOC) တို့ကလည်း နောက်ဆုံး အတည်ပြုချက် ပေးထားပါတယ်။

ပြိုင်ပွဲကျင်းပရေးအဖွဲ့တွေက ပြိုင်ပွဲအတွက် လိုအပ်တဲ့ အဆောက်အအုံ တည်ဆောက်ဖို့၊ ပြိုင်ပွဲကျင်းပဖို့ သင့်တော်မှု၊ မြစ်ရေစီးဆင်းမှု၊ ရေမျက်နှာပြင် အနေအထား၊ ရာသီဥတု အခြေအနေ စတဲ့အချက်တွေကို လေ့လာပြီး ကြာသပတေးနေ့က အတည်ပြုပေးခဲ့ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013