
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) ဟာ အမျိုးသမီး ကစားသမားတွေရဲ့ ပွဲပန်းမှုနဲ့ ပြိုင်ပွဲ ပြည့်ကျပ် နေတာကို လျှော့ချနိုင်ဖို့ကြိုးစားနေပါတယ်။
ဒီအတွက် ဖီဖာက အိုလံပစ်အမျိုးသမီး ဘောလုံးပြိုင်ပွဲကို အသက် ၂၃ နှစ်အောက် ကစားသမား တွေပဲ ယှဉ်ပြိုင်ခွင့်ပြုရေး အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီ (IOC) နဲ့ ဆွေးနွေးလိုတယ် လို့သိရပါတယ်။
၂၀၂၈ လော့စ်အိန်ဂျလိစ် အိုလံပစ်ပြိုင်ပွဲအတွက် ဝင်ခွင့် စည်းမျဉ်းတွေကို သတ်မှတ်ပြီး ဖြစ်တာကြောင့် ဒီအပြောင်းအလဲဟာ ၂၀၃၂ ဘရစ်စဘိန်း ပြိုင်ပွဲကျမှသာ စတင် သက်ရောက် နိုင်မှာပါ။
အမျိုးသမီး အိုလံပစ်ပြိုင်ပွဲဟာ အမျိးသမီး ကမ္ဘာ့ဖလားပြီးရင် အကြီးမားဆုံး ပြိုင်ပွဲတခု ဖြစ်တာ ကြောင့် ဒီစနစ် ပြောင်းလဲမဲ့ အစီအစဉ်အပေါ် ကစားသမားတွေနဲ့ ဘောလုံးအဖွဲ့ချုပ်တွေ ဘက်က ကန့်ကွက်မှုတွေ ထွက်ပေါ်လာနိုင်ပါတယ်။











