
ဆွစ်ဇာလန်အသင်းခေါင်းဆောင် ရှာခါဟာ ၂၀၂၂ ခုနှစ်က ကိုဗစ်ကာကွယ်ဆေး လက်မှတ်အတု ရယူခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စုံစမ်းစစ်ဆေးခံနေရပါတယ်။
လက်ရှိ ဆန်းဒါးလန်းအသင်းမှာ ကစားနေတဲ့ ကွင်းလယ်လူ ရှာခါဟာ ဒီကိစ္စကြောင့် လာမဲ့ နိုင်ငံတကာပွဲစဉ်တွေကနေ နုတ်ထွက်လိုက်တာ ဖြစ်ပါတယ်။
သူဟာ ဆွစ်ဇာလန်အသင်းနဲ့အတူ ကစားရမဲ့နေးရှင်းလိဂ်ပွဲစဉ်တွေကနေ လွဲချော်တော့မှာ ဖြစ်သလို အသင်းတာဝန်ရှိသူတွေနဲ့လည်း ဆွေးနွေးမှုတွေ လုပ်သွားမှာ ဖြစ်ပါတယ်။
ရှာခါကတော့ ကာကွယ်ဆေးအပေါ် မယုံကြည်မှုတွေကြောင့် စိုးရိမ်စိတ်နဲ့ အခုလို လက်မှတ်အတု ပြုလုပ်ခဲ့တာဖြစ်ပြီး ဒါဟာ အမှားတခုဖြစ်ကြောင်း ဝန်ခံတောင်းပန်ထားပါတယ်။
ဆန်းဒါးလန်းနည်းပြ လီဘရစ်ကတော့ ဒီကိစ္စအပေါ် မှတ်ချက်ပေးဖို့ ငြင်းဆန်ခဲ့ပြီး သူ့အနေနဲ့ ဘောလုံးအကြောင်းသာ အာရုံစိုက်ချင်ကြောင်း ပြောပါတယ်။











