ဆန်းဒါးလန်းအသင်းဟာ သူတို့အသင်းခေါင်းဆောင် ဂရန်းနစ်ရှာခါအတွက် ချယ်လ်ဆီးရဲ့ ပေါင် ၈ သန်းနဲ့ ကမ်းလှမ်းမှုကို ပယ်ချလိုက်ပါတယ်။
ဆန်းဒါးလန်းဘက်ကတော့ ဒီကမ်းလှမ်းမှုကို စော်ကားရာရောက်တယ်လို့ ယူဆပြီး ရှာခါကို ဘယ်ဈေးနဲ့မှ ရောင်းမှာမဟုတ်ဘူးလို့ တုံ့ပြန်ထားပါတယ်။
ရှာခါဟာ ပြီးခဲ့တဲ့နွေရာသီကမှ ဆန်းဒါးလန်းကို ရောက်လာတာဖြစ်ပြီး ချယ်လ်ဆီးနည်းပြသစ် ဇာဘီအလွန်ဆိုက ရှာခါကို ခေါ်ယူချင်တာပါ။ သူတို့ ၂ ယောက်ဟာ လီဗာကူဆင်မှာ အတူတူ လက်တွဲခဲ့ဖူးပါတယ်။
ရှာခါရဲ့ အပြောင်းအရွှေ့သတင်းကြောင့် ဆန်းဒါးလန်းပရိသတ်တွေကတော့ ဒေါသထွက်နေကြတာပါ။ ရှာခါဟာ ရာသီကုန်မိန့်ခွန်းမှာ အသင်းအတွက် ကတိတွေပေးခဲ့တာ ဖြစ်ပါတယ်။










