DVB Logo
Home
အားကစား
ပထမဆုံး အိုလံပစ် Esports ပြိုင်ပွဲကို ဆော်ဒီတွင်ကျင်းပရန် အတည်ပြု
DVB
·
July 26, 2024
ပထမဆုံး အိုလံပစ် Esports ပြိုင်ပွဲကို ဆော်ဒီတွင်ကျင်းပရန် အတည်ပြု
Donate to DVB

နိုင်ငံတကာ အိုလံပစ်ကော်မတီ (IOC)က ၁၄၂ ကြိမ်မြောက် အစည်းအဝေးကို ပါရီမှာပြုလုပ်ခဲ့ပြီးနောက် ၂၀၂၅ အိုလံပစ် Esports ပြိုင်ပွဲကို ၂၀၂၅ ခုနှစ်မှာ ဆော်ဒီနိုင်ငံမှာ ကျင်းပဖို့ အတည်ပြုခဲ့ပါတယ်။

အိုလံပစ်ကော်မတီဟာ ဒီဂျစ်တယ်တော်လှန်မှုအဖြစ် အိုလံပစ်အဖွဲ့ရဲ့ ခေတ်သစ်ပြိုင်ပွဲတခုကို ကျင်းပဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

အိုလံပစ်ကော်မတီဟာ Esports ပြိုင်ပွဲကျင်းပမယ့်ကိစ္စကို ပြီးခဲ့တဲ့နှစ် အနည်းငယ်ကတည်းက ဆွေးနွေးမှုပြုလုပ်ခဲ့ပြီး ဆော်ဒီနိုင်ငံမှာ အိမ်ရှင်အဖြစ် ကျင်းပဖို့ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

Esports ပြိုင်ပွဲကျင်းပမယ်ဆိုရင် မြို့ရွေးချယ်မှု ကစားကွင်း ရွေးချယ်မှု၊ ပြိုင်ပွဲခေါင်းစဉ်တွေနဲ့ ပါဝင်ယှဉ်ပြိုင်မယ့် နိုင်ငံတွေကို ရွေးချယ်ရမှာပါ။

ဆော်ဒီနိုင်ငံဟာ ဇူလိုင် ၃ ရက်မှ ဩဂုတ် ၂၅ ရက်အထိ ၂၀၂၄ Esports ကမ္ဘာ့ဖလားကို ကျင်းပနေပါတယ်။

ဒီပြိုင်ပွဲမှာ အမေရိကန် ဒေါ်လာ ၆၂ သန်းခွဲ ဆုကြေးပေးသွားမှာဖြစ်ပြီး Esports သမိုင်းတလျှောက် ဆုကြေးငွေအများဆုံးပြိုင်ပွဲလည်း ဖြစ်ပါတယ်။

ဒီပြိုင်ပွဲမှာ ကမ္ဘာ့နိုင်ငံပေါင်း ၈၀ က ကစားသမားပေါင်း ၁၇၀၀ ကျော် ပါဝင် ယှဉ်ပြိုင်နေကြပါတယ်။

Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013