DVB Logo
Home
မြန်မာသတင်း
ဖရူဆို စစ်ရှောင်စခန်းတွင် ဝက်နာကျရောဂါကြောင့် ဝက်အကောင်ရေ ၃၀၀ ကျော် သေဆုံး
DVB
·
July 26, 2024
ဖရူဆို စစ်ရှောင်စခန်းတွင် ဝက်နာကျရောဂါကြောင့် ဝက်အကောင်ရေ ၃၀၀ ကျော် သေဆုံး
Donate to DVB

ကရင်နီ(ကယား)ပြည်နယ်၊ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းမှာရှိတဲ့ စိန်တောင်တန်း စစ်ရှောင်စခန်းနဲ့ ရှေးလူမူစစ်ရှောင်စခန်းမှာ ၆ လအတွင်း ဝက်နာကျရောဂါကြောင့် ဝက်ကောင်ရေ ၃၀၀ ကျော်အထိ သေဆုံးခဲ့တယ်လို့ စစ်ဘေးရှောင်တွေထံက သိရပါတယ်။

ပြီးခဲ့တဲ့ မတ်လလောက်က Women for Women Foundation (WWF) ကနေ ဝက်အကောင်ပေါက် ၅၀ ကျော်ကို မဲနှိုက်ပြီး ဝေငှပေးတာတွေ ပြုလုပ်ခဲ့တဲ့ ဝက်တွေအပါအဝင် စစ်ရှောင်တွေမွေးထားတဲ့ ဝက်အကောင်ရေ ၅၀၀ ကျော်မှာ ၃၀၀ ကျော် သေဆုံးနေတယ်လို့ သိရပါတယ်။

စစ်ရှောင်ပြည်သူတဦးက “ကျမတို့စစ်ရှောင်စခန်းမှာ အိမ်တိုင်းလိုလို ဝက်မွေးကြတယ်။ တချို့က ၂ ကောင် ၃ ကောင် မွေးတာတွေလည်း ရှိတာပေါ့။ ဝက်တွေက အစာမစားဘူး၊ ဖျားပြီးတော့ သေသွားတာတွေလည်း ရှိတယ်။ ဝက်တွေသေဆုံးမှု ဖြစ်တာလည်း ကြာပြီ။ တကောင်ဖြစ်ရင် နောက်အကောင်တွေပါ လိုက်ဖြစ်တာမျိုးပေါ့။ တချို့အိမ်ဆိုရင် ၅ ကောင်ရှိတာကို ၂ ကောင်လောက်ပဲကျန်တယ်။ တချို့အိမ်ဆို လုံးဝမကျန်တော့ဘူး။ ဝက်တွေ ကျန်းမာရေးအတွက် တိုက်ရမယ့်ဆေးလည်း မရှိဘူး”လို့ ပြောပါတယ်။

စစ်ရှောင်စခန်း ၂ ခုမှာ အိမ်ခြေ ၅၀၀ ကျော်အထိရှိပြီး WWF က စီမံကိန်းနဲ့ ဝေငှခဲ့တဲ့ ဝက်တွေလည်း သေဆုံးကုန်တာကြောင့် ဝက်သားပေါက် (အကောင်ပေါက်) ချိန်မှာ လက်ဆင့်ကမ်းပေးရမယ့် အစီအစဥ်လည်း ပျက်ခဲ့ရတယ်လို့ ဆိုပါတယ်။

“ဝက်သားပေါက်သေတာက စစ်ရှောင်စခန်းမှ မဟုတ်ဘူး။ ရွာခံတွေရဲ့ ဝက်တွေလည်း သေကြတယ်။ တခြား စစ်ရှောင်စခန်းတွေမှာ သေတာတွေလည်း ရှိနေတယ်။ တော်တော်များများ ဖြစ်နေတယ်။”

ခုလက်ရှိအချိန်မှာ ဝက်အကောင်ပေါက်တကောင်ကို ၁၆၀,၀၀၀ ကျပ်ကနေ ၂၅၀,၀၀ဝ ကျပ်အထိ စျေးရှိနေပြီး ဝက်သေဆုံးမှု များပြီးချိန်မှ စျေးတက်သွားတာဖြစ်တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013