DVB Logo
Home
မြန်မာသတင်း
၁၀၂၇ စစ်ဆင်​ရေး ၁ လအတွင်း စစ်တပ်ပစ်ခတ်မှုကြောင့် အရပ်သား ၁၂၈ ဦးသေဆုံး
DVB
·
July 25, 2024
၁၀၂၇ စစ်ဆင်​ရေး ၁ လအတွင်း စစ်တပ်ပစ်ခတ်မှုကြောင့် အရပ်သား ၁၂၈ ဦးသေဆုံး
1 / 6
Donate to DVB

၁၀၂၇ စစ်ဆင်​ရေး အပိုင်း ၂ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ ၁ လအတွင်း စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတွေအပါအဝင် အရပ်သား ၁၂၈ ယောက် သေဆုံးပြီး အယောက် ၁၇၀ လောက် ဒဏ်ရာရတယ်လို့ တအာင်းတပ်မတော် PSLF/TNLA က ထုတ်ပြန်ပါတယ်။

စစ်ဆင်ရေး ၁ လပြည့်တဲ့ ဇူလိုင် ၂၅ ရက်နေ့မှာ ထုတ်ပြန်တာဖြစ်ပြီး စစ်ကောင်စီရဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အိမ် ၉၃ လုံး၊ ဘုန်းကြီးကျောင်း ၁၀ ကျောင်းနဲ့ စာသင်ကျောင်း ၇ ကျောင်းလည်း ပျက်စီးခဲ့ရတယ်လို့ ဆိုပါတယ်။

ဒီ ၁ လအတွင်း မိုးကုတ်မြို့နယ်မှာ အမျိုးသမီး ၈ ယောက်၊ အမျိုးသား ၁၄ ယောက်၊ ကလေး ၉ ယောက် သေဆုံး၊ ကလေး ၁၀ ယောက် အပါအဝင် ၅၉ ယောက် ဒဏ်ရာရပြီး လူနေအိမ် ၂၉ အိမ်နဲ့ ဘုန်းကြီးကျောင်း ၄ ကျောင်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

ကျောက်မဲမြို့နယ်မှာတော့ အမျိုးသမီး ၁၄ ယောက်၊ အမျိုးသား ၂၄ ယောက် သေဆုံး၊ ကလေး ၄ ယောက်အပါအဝင် အယောက် ၄၀ ဒဏ်ရာရပြီး အိမ် ၃၇ အိမ်၊ ဘုန်းကြီးကျောင်း ၂ ကျောင်းနဲ့ စာသင်ကျောင်း ၂ ကျောင်း ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

နောင်ချိုမြို့နယ်မှာ အမျိုးသား ၁၀ ယောက်၊ အမျိုးသမီး ၈ ယောက် သေဆုံး၊ ၄ ယောက် ဒဏ်ရာရပြီး အိမ် ၁၃ လုံး၊ ဘုန်းကြီးကျောင်း ၁ ကျောင်းနဲ့ စာသင်ကျောင်း ၁ ကျောင်း ပျက်စီးသွားခဲ့ပါတယ်။

မိုးမိတ်မြို့နယ်မှာ အမျိုးသား ၁ ယောက်နဲ့ အမျိုးသမီး ၂ ယောက်သေဆုံး၊ ၁၂ ယောက် ဒဏ်ရာရပြီး အိမ် ၅ လုံးနဲ့ စာသင်ကျောင်း ၂ ကျောင်း ပျက်စီးခဲ့သလို သီပေါမြို့မှာတော့ အရပ်သား ၅ ယောက် ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

လားရှိုးမြို့မှာတော့ အမျိုးသား ၂၁ ယောက်၊ အမျိုးသမီး ၁၂ ယောက်၊ ကလေး ၅ ယောက် သေဆုံး၊ ၄၈ ယောက် ဒဏ်ရာရပြီး အိမ် ၉ လုံး၊ ဘုန်းကြီးကျောင်း ၃ ကျောင်းနဲ့ စာသင်ကျောင်း ၂ ကျောင်း ပျက်စီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

TNLA နဲ့ ပူးပေါင်းတပ်‌တွေဟာ မိုးကုတ်မြို့နယ်က စစ်ကောင်စီရဲ့ လပခ၊ ခလရ (၇၈၊ ၈၈၊ ၁၄၈) ဗျူဟာမှူးကြီးအခြေချကွပ်ကဲနေတဲ့ တပ်စခန်းအားလုံးနဲ့ ဌာနဆိုင်ရာ ရုံးတွေကို ဇူလိုင် ၂၄ ရက်နေ့ ညနေပိုင်းမှာ အလုံးစုံ သိမ်းပိုက်နိုင်ခဲ့ပြီး တိုက်ခိုက်နေစဉ်အတွင်း စစ်ကောင်စီက တိုက်လေယာဉ်နဲ့ ၂၁ ကြိမ်၊ Y 12 လေယာဉ်နဲ့ ၉ ကြိမ်၊ လက်နက်ကြီးနဲ့ ၇၈ ကြိမ်၊ အတွဲလိုက်ဒုံး ၁၈ လုံး အသုံးပြု တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013