DVB Logo
Home
မြန်မာသတင်း
ပြင်ပဈေးကွက်တွင် စားအုန်းဆီတပိဿာ ကျပ် ၁၅,၀၀၀ ထိ မြင့်တက်
DVB
·
July 25, 2024
ပြင်ပဈေးကွက်တွင် စားအုန်းဆီတပိဿာ ကျပ် ၁၅,၀၀၀ ထိ မြင့်တက်
Donate to DVB

စားအုန်းဆီ ဝယ်ယူရခက်တာကြောင့် ပြင်ပဈေးကွက်မှာ တပိဿာကို ကျပ် ၁၅,၀၀၀ အထိ မြင့်တက်နေတယ်လို့ စားသုံးသူတွေထံက သိရပါတယ်။

လက်ရှိမှာ ဆီခွဲတမ်းရရှိထားတဲ့ဆိုင်‌တွေက ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကပေးတဲ့ ဆီဝယ်ယူခွင့်ကတ် ရှိသူတွေကိုသာ သတ်မှတ်ဈေးနဲ့ ရောင်းချပေးနေတာဖြစ်ပြီး ပြင်ပမှာ‌တော့ ဆီဝယ်ယူလို့မရ ဖြစ်နေတယ်လို့ ရန်ကုန်မြို့ခံ အိမ်ရှင်မတဦးက ပြောပါတယ်။

“ဆီက အပြင်မှာ ဝယ်လို့မရဘူး။ ဝယ်ခွင့်ကတ်ပါတဲ့သူပဲ ဝယ်လို့ရတာ။ အကြော်သမားတွေကကျ အပြင်မှာ ဝယ်မရတော့ ကတ်နဲ့ ဆီတိုးဝယ်ထားတဲ့သူတွေဆီကနေ ၃ ဆလောက် ပိုပေးပြီး ပြန်ဝယ်ကြတယ်။ ကတ်ပါလို့ရတဲ့ဈေးက ၅၀ သားကို ၂,၀၀၀ ကျော်၊ ၃,၀၀၀ ဆိုရင် သူတို့ အပြင်မှာ ပြန်ရောင်းရင်ကျ ၅၀ သားကို ၆,၀၀၀ ကျော် ၈,၀၀၀ လောက်ထိ တင်ရောင်းကြတယ်။”

ရည်ညွှန်းဈေးအတိုင်း ရောင်းချပေးနေတဲ့ ဆိုင်တွေက တဦးကို ၅၀ ကျပ်သားသာ ရောင်းချပေးနေတာဖြစ်လို့ အများစုက ပြင်ပေပေါက်ဈေးအတိုင်းသာ ဝယ်ယူသုံးစွဲ နေကြရတာ ဖြစ်တယ်လို့လည်း သိရပါတယ်။

စစ်ကောင်စီလက်အောက်ခံ စားအုန်းဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်မှု ကော်မတီက သတ်မှတ်တဲ့ စားအုန်းဆီ အခြေခံရည်ညွှန်းဈေးကလည်း အပတ်စဉ် မြင့်တက်လာနေတာဖြစ်ပြီး အခုလ ဇူလိုင် ၂၈ ရက်အထိ စားအုန်းဆီ အခြေခံရည်ညွှန်းဈေးကို တပိဿာ ကျပ် ၅,၄၆၀ ဖြစ်တယ်လို့ သတ်မှတ်ထားပါတယ်။

မြန်မာနိုင်ငံမှာ စားအုန်းဆီလိုအပ်ချက်က နှစ်စဉ် ပျမ်းမျှတန်ချိန် ၈ သိန်းကျာ်ကနေ ၁၀ သိန်းကြား ရှိပေမဲ့ စစ်ကောင်စီလက်ထက်မှာတော့ နိုင်ငံခြားငွေ လိုအပ်ချက် လျှော့ချဖို့နဲ့ ပြည်တွင်းမှာ စားသုံးဆီ ပိုမိုထုတ်လုပ်လာနိုင်ဖို့ ရည်ရွယ်ပြီး ပြည်ပက စားသုံးဆီ တင်သွင်းမှုကို ပမာဏ ကန့်သတ် လျှော့ချခဲ့ပါတယ်။

စစ်ကောင်စီအနေနဲ့ ဝင်ငွေနည်း အခြေခံပြည်သူတွေ အဓိကစားသုံးတဲ့ စားအုန်းဆီကို တင်သွင်းတဲ့ပမာဏ ကန့်သတ်လျှော့ချရာမှာ အများပြည်သူ‌တွေ စားသုံးမှု ဖူလုံမှုရှိစေဖို့အတွက် ချင့်ချိန်လုပ်ဆောင်သင့်တယ်လို့ ထောက်ပြ ပြောဆိုတာတွေလည်း ရှိခဲ့ပြီး တဖက်မှာလည်း ဈေးနှုန်းကြီးမြင့်မှု မရှိစေဖို့အတွက် စားအုန်းဆီတင်သွင်းတဲ့ လုပ်ငန်းရှင်တွေ လိုအပ်တဲ့ နိုင်ငံခြားငွေ အမေရိကန်ဒေါ်လာကို သတ်မှတ်ရည်ညွှန်းဈေးနဲ့ ရောင်းချပေးသင့်တယ်လို့လည်း ထောက်ပြ ပြောဆိုမှုတွေ ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013