DVB Logo
Home
မြန်မာသတင်း
ဓနုဖြူဒေသခံ  ၄ ဦး PDF ပတ်သက်မှုဖြင့်  စွပ်စွဲဖမ်းဆီးခံရ
DVB
·
July 25, 2024
ဓနုဖြူဒေသခံ  ၄ ဦး PDF ပတ်သက်မှုဖြင့်  စွပ်စွဲဖမ်းဆီးခံရ
Donate to DVB

ဧရာဝတီတိုင်း၊ ဓနုဖြူမြို့နယ်မှာ တော်လှန်ရေးတပ်ဖွဲ့ PDF တွေနဲ့ အဆက်အသွယ်ရှိနေတယ်လို့ စစ်ကောင်စီတပ်က စွပ်စွဲပြီး  အမျိုးသမီး ၁ ဦးအပါအဝင် အရပ်သား ၄ ဦးကို ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်ကောင်စီတပ်က ဓနုဖြူမြို့နယ်မှာ ဇူလိုင် ၂၃ ရက်နဲ့ ၂၄ ရက်တွေမှာ ဒေသခံ အရပ်သား အမျိုးသား ၃ ဦးနဲ့ အမျိုးသမီးတဦးတို့ကို တော်လှန်ရေးတပ်ဖွဲ့ PDF တွေနဲ့ ပတ်သက်နေတယ်လို့ စွပ်စွဲပြီး နေအိမ်တွေမှာ သွား‌ေရာက်ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။

စစ်ကောင်စီတပ်နဲ့ နီးစပ်သူတဦးက “စစ်ဆေးဖို့ရှိလို့ ဖမ်းတာလို့ ပြောတာပဲ။ အကြမ်းဖက်အဖွဲ့တွေနဲ့ ပတ်သက်နေတယ်လို့ သတင်းရလို့ ဖမ်းတာတဲ့။ စစ်ကောင်စီတပ်က ဖမ်းတာပါ။ အဖမ်းခံရသူတွေ အများစုက ကျော်စိုး ဆိုတဲ့ ကောင်လေး အပါအဝင် လူငယ်အမျိုးသားတွေ များတယ်” လို့ ပြောပါတယ်။ 

ဖမ်းဆီးခံရသူတွေဟာ လယ်ယာလုပ်ငန်း၊ ဆိုင်ကယ် ကယ်ရီဆွဲတဲ့လုပ်ငန်း၊ ဈေးရောင်းတဲ့လုပ်ငန်း၊ အွန်လိုင်းရှော့ပင်ရောင်းတဲ့ လုပ်ငန်းတွေကို လုပ်ကိုင်နေသူတွေ ဖြစ်ကြပါတယ်။

ဓနုဖြူမြို့က အဖမ်းခံရသူတွေနဲ့ နီးစပ်တဲ့ ဒေသခံက “အခုအဖမ်းခံရတဲ့အထဲမှာ ပါတဲ့သူတွေ အားလုံးက မိသားစုနဲ့ ကိုယ့်အလုပ်ကိုယ် အေးအေးလုပ်နေတဲ့သူတွေချည်းပဲ။ PDF တွေနဲ့ ပတ်သက်နေတာလို့ စွပ်စွဲ အဖမ်းခံရတာ။ အခု မိသားစုတွေက ဘယ်လိုလုပ်ရမှန်းမသိဘူး ဖြစ်နေတယ်။ ကလေးတွေကို အနုကြမ်းစီးတဲ့ အတိုင်းပဲ၊ ရိုက်နှက်ဖမ်းသွားတာ” လို့ ပြောပါတယ်။

အဖမ်းခံရသူ ဒေသခံ အရပ်သား ၄ ဦးမှာ အသက် ၁၉ နှစ်ကျော် လူငယ် ၂ ဦး၊ အသက် ၂၀ ကျော်အရွယ် လူငယ်တဦးနဲ့ အသက် ၂၈ ဝန်းကျင်တဦးတို့  ဖြစ်ပြီး သူတို့ကို စစ်ကောင်စီတပ်က စစ်ကြောရေးနဲ့ ရဲစခန်းတွေမှာ ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။

ဒါ့အပြင် လူငယ်တွေကို ဖမ်းဆီးခံရအောင် စစ်ကောင်စီတပ်ကို သတင်းအမှားပေး ဖမ်းခိုင်းတာဟာ စစ်ကောင်စီကခန့်ထားတဲ့ ရပ်ကွက်နဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေက အဓိကဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013