DVB Logo
Home
မြန်မာသတင်း
စစ်ကိုင်းတွင် စစ်ကောင်စီတပ်က လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးနေ
DVB
·
July 25, 2024
စစ်ကိုင်းတွင် စစ်ကောင်စီတပ်က လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးနေ
Donate to DVB

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ပေါ်မှာ စစ်ကောင်စီတပ်သားတွေက လူငယ်တွေကို ပေါ်တာဆွဲ ဖမ်းဆီးနေ​တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

စစ်ကိုင်းမြို့ခံတဦးက “အခုတလော ဖမ်းတာကြမ်းလာတယ်။ အခုတတည်းမှာတင် အဖမ်းခံရတဲ့ လူငယ်တွေ အယောက် ၁၀၀ နားနီးပြီလို့ သိရတယ်။ ဖမ်းသွားခံရတဲ့ ကလေးတွေဆိုရင် မိသားစုနဲ့ အဆက်အသွယ် မရတော့ဘူး။ ကျန်ခဲ့တဲ့ တပတ်လောက်က အသက် ၃၀ ၀န်းကျင် ယောကျ်ားလေးနဲ့ မိန်းကလေး ဆိုင်ကယ်နဲ့ ရွာကနေ မြို့ပေါ်တက်ပြီး စျေးလာဝယ်တာကို ကောင်လေးကိုလည်း ဖမ်းသွားသေးတယ်။ စစ်သားတွေက ကလေးတွေရဲ့ ဆိုင်ကယ်ကိုလည်း စီးသွားလို့ ကျန်နေတဲ့ကောင်မလေးမှာ ဒုက္ခတွေရောက်နေတာဗျာ။ သားသမီးချင်း ကိုယ်ချင်းမစာကြဘူး။ မြို့ပေါ်မှာလည်း လူငယ်တွေ သိပ်မရှိကြတော့ဘူး” လို့  ပြောပါတယ်။

စစ်ကိုင်းမြို့ပေါ်က နေရာအနှံ့အပြားမှာ စစ်ကောင်စီတပ်သားတွေက အသက် ၂၀ ကနေ ၄၀ ကြား လူငယ်တွေကို ပေါ်တာဆွဲ ဖမ်းဆီးနေတာဖြစ်လို့ စစ်ကိုင်းမြို့ပေါ်က လူငယ်အများစုဟာ တခြားနယ်မြို့တွေကို သွားရောက်နေထိုင်နေကြရတယ်လို့ ဆိုပါတယ်။

ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက “အခုလဆန်းပိုင်းကတည်းက စစ်သားတွေက စစ်ကားတွေနဲ့ကော အိမ်စီးကားတွေနဲ့ပါ မြို့ပေါ်လှည့် ဖမ်းနေတာဗျ။ လမ်းဘေးမှာထိုင်တဲ့သူတွေကော၊ အရက်ဆိုင်တွေ၊ ဘီယာဆိုင်တွေထဲအထိ ဝင်ဖမ်းပြီး ပေါ်တာဆွဲနေတယ်” လို့ ပြောပါတယ်။

ပေါ်တာဆွဲ ဖမ်းဆီးသွားတဲ့ လူငယ်တွေကို စစ်ကိုင်းမြို့အခြေစိုက် စစ်ကောင်စီရဲ့ တပ်မ ၃၃ ထဲမှာ ချုပ်နှောင်ထား​ပြီး မိသားစုနဲ့ အဆက်အသွယ် ဖြတ်ထားတယ်လို့လည်း ဆိုပါတယ်။

အာဏာသိမ်းစစ်ကောင်စီဟာ စစ်မှုထမ်းသင်တန်းအပတ်စဥ် ၄ အတွက် လူငယ်တွေကို ပေါ်တာဆွဲ ဖမ်းဆီးနေတာလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013