DVB Logo
Home
နိုင်ငံတကာ
ဇူလိုင် ၂၁ ရက်၏ ကမ္ဘာ့အပူဆုံးနေ့ စံချိန်ကို ၂၂ ရက်နေ့တွင် ထပ်ချိုး
DVB
·
July 25, 2024
ဇူလိုင် ၂၁ ရက်၏ ကမ္ဘာ့အပူဆုံးနေ့ စံချိန်ကို ၂၂ ရက်နေ့တွင် ထပ်ချိုး
Donate to DVB

အယ်လ်နီညိုကာလ အဆုံးသတ်သွားပြီဖြစ်ပေမဲ့ ဇူလိုင် ၂၁ ရက်မှာ တင်ခဲ့တဲ့ ကမ္ဘာ့အပူဆုံးနေ့ စံချိန်ကို ၂၂ ရက်နေ့မှာ ထပ်ချိုးလိုက်တယ်လို့ ဥရောပသမဂ္ဂရဲ့ ရာသီဥတု စောင့်ကြည့်လေ့လာရေး အေဂျင်စီက ထုတ်ပြန်ပါတယ်။

ကမ္ဘာတလွှား အပူလှိုင်းတွေဖြတ်ပြီး မြေထဲပင်လယ်၊ ရုရှားနဲ့ ကနေဒါမှာ တောမီးတွေ လောင်နေချိန်မှာ ကမ္ဘာ့ပျမ်းမျှ မျက်နှာပြင် လေထုအပူချိန်ဟာ ပိုမြင့်တက်လာခဲ့တာပါ။

ဇူလိုင် ၂၂ ရက်မှာ  ၁၇ ဒသမ ၁၅ ဒီဂရီဆဲလ်စီးယပ်စ် (၆၂ ဒသမ ၈၇ ဒီဂရီဖာရင်ဟိုက်) အထိ မြင့်တက်လာခဲ့တယ်လို့ ကော်ပါးနီးကပ်စ် ရာသီဥတုပြောင်းလဲမှုဆိုင်ရာဌာနက ထုတ်ပြန်ပါတယ်။

ဒါဟာ ၂၁ ရက်နေ့ကထက် ၀ ဒသမ ၀၆ ဆဲလ်စီးယပ်စ် (၀ ဒသမ ၁၁ ဖာရင်ဟိုက်) ပိုမြင့်လာတာ ဖြစ်ပါတယ်။ ၁၉၄၀ နောက်ပိုင်း မှတ်တမ်းတင်ခဲ့တဲ့ သမိုင်းတလျှောက်မှာ ပျမ်းမျှအပူချိန်အမြင့်ဆုံး ဖြစ်ပါတယ်။

ဒါဟာ တောင်ကမ္ဘာခြမ်းမှာ ဆောင်းရာသီဖြစ်နေလို့ အပူချိန်ကျဆင်းနေတဲ့ အခြေအနေနဲ့ ပေါင်းပြီး တကမ္ဘာလုံး ပျမ်းမျှတွက်တာတောင်မှ မြင့်မားနေတဲ့အပူချိန် ဖြစ်ပါတယ်။

ဒီစံချိန်ကို ဒီတပတ်တည်း တရက်ရက်မှာ ထပ်ပြီး ချိုးကောင်းချိုးနိုင်သေးတယ်လို့ ပညာရှင်တွေက ဆိုပါတယ်။

ဒီစံချိန်တင်နှစ်ရက်ရှေ့မှာ အပူဆုံးနေ့က ၂၀၂၃ ခုနှစ် ဇူလိုင်အတွင်းမှာ ဖြစ်ပေါ်ခဲ့ပြီး ဇူလိုင် ၃ ကနေ ၆ ရက်နေ့အထိ တနေ့ထက်တနေ့ စံချိန်ချိုးခဲ့တာ ဖြစ်ပါတယ်။ အဲဒီရှေ့မှာတုန်းက ၂၀၁၆ ဩဂုတ်မှာ စံချိန်ချိုးခဲ့တာ ဖြစ်ပါတယ်။ 

ဒီနှစ်စံချိန်ရဲ့ ထူးခြားချက်ဟာ ၂၀၂၃ နဲ့ ၂၀၁၆ တုန်းကနဲ့ မတူဘဲ အယ်လ်နီညိုရာသီဥတု အခြေအနေ ဧပြီကတည်းက ပြီးသွားတာတောင်မှ ပူနွေးနေတာ ဖြစ်ပါတယ်။

Source-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013