DVB Logo
Home
နိုင်ငံတကာ
ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် မလေးရှားနိုင်ငံသား ၁၂၃ ဦး မိခင်နိုင်ငံသို့ ပြန်ရောက်
DVB
·
July 25, 2024
ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် မလေးရှားနိုင်ငံသား ၁၂၃ ဦး မိခင်နိုင်ငံသို့ ပြန်ရောက်
Donate to DVB

ဆန္ဒပြမှုတွေ ဖြစ်ပွားနေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ ထွက်ခွာလာတဲ့ မလေးရှားနိုင်ငံသား ၁၂၃ ဦးကို တင်ဆောင်လာတဲ့ စင်းလုံးငှားလေယာဉ်ဟာ ဇူလိုင် ၂၃ ရက်မှာ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ကို ရောက်လာပြီလို့ မလေးရှားပြည်ထဲရေးဝန်ကြီးက ပြောပါတယ်။ 

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အစိုးရဝန်ထမ်း အလုပ်အကိုင် ခွဲတမ်းတွေကို ဆန့်ကျင်တဲ့ ကျောင်းသားတွေ ဦးဆောင်တဲ့ ဆန္ဒပြမှုတွေ ပြီးခဲ့တဲ့အပတ်က ပေါ်ပေါက်ခဲ့ရာက အကြမ်းဖက်မှုတွေ ပြင်းထန်လာခဲ့ပြီး လူ ၁၄၇ ဦး ထက်မနည်း သေဆုံးခဲ့ပါတယ်။ 

ဆန္ဒပြသူတွေနဲ့ လုံခြုံရေးတပ်ဖွဲ့တွေကြား ရုန်းရင်းဆန်ခတ်ဖြစ်ပြီးတဲ့နောက် အစိုးရက အင်တာနက် ဝန်ဆောင်မှုတွေ ပိတ်တာ၊ ညမထွက်ရ အမိန့်ထုတ်ပြန်တာနဲ့ စစ်တပ်ကို တပ်ဖြန့်တာရုပ်သိမ်းဖို့  ဘင်္ဂလားဒေ့ရှ် ထိပ်တန်းတရားရုံးက ဆုံးဖြတ်ခဲ့ပါတယ်။

ခရီးသည် အယောက် ၈၀ ပါတဲ့ လေယာဉ်ဟာ ကွာလာလမ်ပူ အပြည်ပြည်ဆိုင်ရာလေဆိပ်ဆီ ဘေးကင်းကင်း ရောက်လာခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီး စိုင်ဖဒ်ဒင် နာဆူရှင် အစ္စမေးလ်က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

“ကျနော်တို့ရဲ့ မလေးရှားနိုင်ငံသားတွေ ဘေးကင်းကင်း ပြန်လာတဲ့အတွက် ကျေးဇူးတင်ပါတယ်။”

မလေးရှားနိုင်ငံသားတချို့ကတော့ နောက်ဆုံးနှစ် ကျောင်းသားတွေဖြစ်နေတာ ဒါမှမဟုတ် အလုပ်လုပ်နေတာကြောင့် ဘင်္ဂလားဒေ့ရှ်မှာ ဆက်နေဖို့ ရွေးချယ်ခဲ့တယ်လို့ စိုင်ဖဒ်ဒင်က ပြောပါတယ်။  

Source-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013