DVB Logo
Home
မြန်မာသတင်း
မလေးရှားနိုင်ငံသား ၁၀၀ ကျော် လောက်ကိုင်တွင် ပိတ်မိနေ
DVB
·
November 21, 2023
မလေးရှားနိုင်ငံသား ၁၀၀ ကျော် လောက်ကိုင်တွင် ပိတ်မိနေ
Donate to DVB

တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်ဒေသ၊ လောက်ကိုင်မြို့မှာ မလေးရှားနိုင်ငံသား ၁၀၉ ယောက်  နေရပ်ပြန်လို့မရဘဲ သောင်တင်နေတယ်လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

သူတို့ထဲက အများစုဟာ လောက်ကိုင်မြို့က အွန်လိုင်းငွေလိမ်တဲ့လုပ်ငန်းတွေမှာ ချုပ်နှောင်ခံထားရတယ်လို့ ယုံကြည်ရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားတာပါ။

လတ်တလောမှာတော့ ဝန်ကြီးဌာနအနေနဲ့ မြန်မာနဲ့ တရုတ်နိုင်ငံတွေက မလေးရှားသံရုံးတွေ၊ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန၊ ကူးမင်းမြို့က မလေးရှားကောင်စစ်ဝန်တို့နဲ့ ဆက်သွယ်ပူးပေါင်းပြီးတော့ နိုင်ငံသားတွေ ဘေးကင်းလုံခြုံစွာနဲ့ နေရပ်ပြန်နိုင်ရေးအတွက် ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

ဒီကြိုးပမ်းမှုတွေထဲမှာတော့ မလေးရှား ပြည်ထဲရေးဝန်ကြီးဌာန၊ တော်ဝင်ရဲတပ်ဖွဲ့နဲ့ မလေးရှား လူဝင်မှုကြီးကြပ်ရေးဌာနတို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုကိုလည်း လက်ခံရရှိထားတယ်လို့ ဆိုပါတယ်။

မက်လုံးပေးခေါ်ယူတဲ့ ပြည်ပအလုပ်အကိုင် ကမ်းလှမ်းမှုအစီအစဉ်တွေကြောင့် သားကောင်ဖြစ်ခဲ့ရတဲ့ မလေးရှားနိုင်ငံသားတွေ ရင်ဆိုင်နေရတဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်ရေး ဆက်လက် တိုးမြှင့်ဆောင်ရွက်နေတဲ့အပြင် နိုင်ငံရပ်ခြားမှာ အလုပ်အကိုင်ရှာဖွေကြတဲ့ နိုင်ငံသားတွေကိုလည်း အလုပ်အကိုင်ကမ်းလှမ်းမှုရဲ့ သဘောသဘာဝတွေကို စိစစ်ကြဖို့ သတိပေးထားတာပါ။

အကူအညီလိုအပ်နေတဲ့ မြန်မာနိုင်ငံထဲက မလေးရှားနိုင်ငံသားတွေအနေနဲ့ ရန်ကုန်က မလေးရှားသံရုံး-အမှတ် ၈၂၊ ပြည်ထောင်စုရိပ်သာလမ်း၊ ဒဂုံမြို့နယ်၊ ဖုန်း -00 951 220 230 / 220 248 / 220 249 နဲ့ 00 959 772 220 230 ဖုန်းတွေကို ဆက်သွယ်နိုင်သလို အီးမေးလ်လိပ်စာ [email protected]. တို့ဆီ ဆက်သွယ်နိုင်မယ်လို့ အသိပေးထားပါတယ်။

ကိုဗစ်ကပ်ရောဂါကာလအတွင်း မြန်မာနိုင်ငံမှာ အခြေစိုက်တဲ့ ရာဇဝတ်ဂိုဏ်းတချို့ဟာ လူကုန်ကူးမှုနဲ့ အင်တာနက်အခြေပြု ငွေလိမ်တဲ့ လုပ်ငန်းတွေကို စတင်လုပ်ကိုင်လာရာကနေ ဒီလိုလုပ်ငန်းတွေဟာ ကမ္ဘာအနှံ့ ပျံ့နှံ့လာပြီး ဒေါ်လာဘီလီယံနဲ့ချီ အကျိုးအမြတ်ရှိတဲ့ တရားမဝင် လုပ်ငန်းကွန်ရက်တွေအဖြစ် ပေါ်ထွက်လာနေတယ်လို့ အင်တာနက် မှုခင်းဆိုင်ရာ ကျွမ်းကျင်သူတွေက ပြောပါတယ်။

မြန်မာနိုင်ငံမှာ အာဏာသိမ်းစစ်ကောင်စီရဲ့ သြဇာအာဏာ ကျဆင်းလာတာနဲ့အမျှ ရာဇဝတ်ဂိုဏ်းတွေဟာ ဒေသတွင်းက လက်နက်ကိုင်အဖွဲ့တွေနဲ့ ပူးပေါင်းပြီး အင်တာနက်မှုခင်းတွေကို ပြောင်ပြောင်တင်းတင်း ဆက်လက်ကျူးလွန်နေခဲ့ကြတဲ့အကြောင်း၊ အခုဆိုရင် ဒီလုပ်ငန်းတွေရဲ့ ဝင်ငွေဟာ ဒေါ်လာဘီလီယံနဲ့ချီပြီး ရှိနိုင်တယ်လို့လည်း သုတေသီတွေက ခန့်မှန်းထားပါတယ်။

အခုလို စစ်ရေးပဋိပက္ခ တိုက်ခိုက်မှု၊ အစဉ်အလာ ရာဇဝတ်မှုနဲ့ အင်တာနက် ရာဇဝတ်မှု သုံးမျိုးလုံး ပေါင်းစပ်ပြီး မြန်မာနိုင်ငံကနေ စတင်လာတဲ့ ဒီလိုမှုခင်းတွေဟာ ဆိုင်ဘာရာဇဝတ်မှု လေ့လာစောင့်ကြည့်သူတွေအတွက် မကြုံဘူးတဲ့ ပုံစံအသစ်တခု ဖြစ်နေပြီး အရှေ့တောင်အာရှ ပြင်ပက စစ်ရေးပဋိပက္ခ ဖြစ်ပွားနေတဲ့ တခြားဒေသတွေကိုပါ ပျံ့နှံ့လာဖို့ ဖြစ်နိုင်ခြေရှိနေတယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်နေကြပါတယ်။

Source: The SUN

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013