DVB Logo
Home
နိုင်ငံတကာ
ကမ္ဘာ့အပူဆုံးနေ့အဖြစ် ဇူလိုင် ၂၁ ရက်ကို မှတ်တမ်းတင်
DVB
·
July 24, 2024
ကမ္ဘာ့အပူဆုံးနေ့အဖြစ် ဇူလိုင် ၂၁ ရက်ကို မှတ်တမ်းတင်
Donate to DVB

ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုပုံစံတွေကို ခြေရာခံခဲ့တဲ့ ဥရောပသမဂ္ဂရဲ့ ကော့ပါးနီးကပ်စ် ရာသီဥတုပြောင်းလဲမှု စောင့်ကြည့်ရေးဌာနရဲ့ ပဏာမအချက်အလက်တွေအရ ဇူလိုင် ၂၁ ရက်ဟာ ၁၉၄၀ ခုနှစ်ကတည်းက ခုထိ မှတ်တမ်းတင်ထားဖူးသမျှ အပူဆုံးနေ့ ဖြစ်လာပါတယ်။

တနင်္ဂနွေနေ့က ကမ္ဘာ့ပျမ်းမျှမျက်နှာပြင် လေထုအပူချိန်ဟာ ၁၇ ဒသမ ၀၉ ဒီဂရီစင်တီဂရိတ်ကို ရောက်သွားခဲ့တာပါ။

အမေရိက၊ ဥရောပနဲ့ ရုရှားနိုင်ငံ အနှံ့အပြားမှာ အပူလှိုင်းတွေဖြတ်ပြီး တောမီးတွေ လောင်ကျွမ်းနေလို့ ပြီးခဲ့တဲ့ ဇူလိုင်လမှာ စံချိန်တင်ထားတဲ့ အရင်စံချိန် ၁၇ ဒသမ ၀၈ ဒီဂရီစင်တီဂရိတ်ထက် နည်းနည်းပိုခဲ့ပါတယ်။

ကမ္ဘာတဝန်း အပူလှိုင်းတွေ ဆက်ပြင်းနေလို့ ဒီသီတင်းပတ်ရဲ့ တနင်္လာနေ့၊ အင်္ဂါနဲ့ ဗုဒ္ဓဟူးနေ့တွေမှာပါ ဇူလိုင် ၂၁ စံချိန်ကို ချိုးနိုင်တယ်လို့ ကော့ပါးနီးကပ်စ်ဌာနရဲ့ ဒါရိုက်တာ ကာလို ဘွမ်တမ်ပိုက ဇူလိုင် ၂၃ ရက်မှာ ပြောပါတယ်။

ရုပ်ကြွင်းလောင်စာတွေ လောင်ကျွမ်းလို့ ရာသီဥတု ဖောက်ပြန်တဲ့အတွက် မြောက်ကမ္ဘာခြမ်းမှာ အပူချိန်လွန်ကဲလာလို့ ဇူလိုင် ၃ ရက်မှ ဇူလိုင် ၆ ရက်အထိ ၄ ရက်ဆက်တိုက် စံချိန်ချိုးခဲ့ပါတယ်။

တနင်္ဂနွေနေ့စံချိန်က မနှစ်ကထက် နည်းနည်းသာမြင့်ပေမဲ့ အရင်စံချိန်တွေနဲ့ယှဉ်ရင် လွန်ခဲ့တဲ့ ၁၃ လ အပူချိန် ဘယ်လောက်ကွာတယ်ဆိုတာ မှတ်သားစရာပဲလို့ ဘွမ်တမ်ပိုက ပြောပါတယ်။

၂၀၂၃ ခုနှစ် ဇွန်လကစပြီး လစဉ်လတိုင်းဟာ အရင်နှစ်တွေနဲ့စာရင် မှတ်တမ်းတွေ စတင်ကတည်းက ကမ္ဘာပေါ်မှာ အပူဆုံးအဖြစ် အဆင့်သတ်မှတ်ခံရပါတယ်။

အပူလှိုင်းတွေ တိုးမြင့်လာမှု အပါအဝင် ရာသီဥတုပြောင်းလဲမှုရဲ့ ကပ်ဘေးဆိုးကျိုးတွေကို ကာကွယ်နိုင်ရေးအတွက် ရုပ်ကြွင်းလောင်စာအပေါ် မှီခိုအားထားမှုကို ရပ်တန့်ဖို့ သိပ္ပံပညာရှင်တွေနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားတွေက ကမ္ဘာ့ခေါင်းဆောင်တွေနဲ့ ချမ်းသာတဲ့ နိုင်ငံတွေကို ကာလရှည်ကြာ တောင်းဆိုခဲ့ကြပါတယ်။

Source-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013