DVB Logo
Home
မြန်မာသတင်း
နေပူခံရွာ ဒုက္ခသည်စခန်း၌ စားနပ်ရိက္ခာနှင့် ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်
DVB
·
July 24, 2024
နေပူခံရွာ ဒုက္ခသည်စခန်း၌ စားနပ်ရိက္ခာနှင့် ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်
Donate to DVB

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ နေပူခံရွာ ဒုက္ခသည်စခန်းမှာ စားနပ်ရိက္ခာနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ အကူအညီ လိုအပ်နေတယ်လို့ ဒုက္ခသည်တွေဆီကနေ သိရပါတယ်။

နေပူခံရွာ ဒုက္ခသည်စခန်းကို အရင်က WFP အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေက ထောက်ပံ့ပေးခဲ့ကြပေမဲ့ ၂၀၂၄ ခုနှစ် ဇန်နဝါရီလကစပြီး ဘာအထောက်ပံ့မှ မရရှိတော့ဘူးလို့ နေပူခံရွာ ဒုက္ခသည်စခန်းက အမျိုးသမီးတယောက်ဖြစ်တဲ့ ဒေါ်ဟာဆီနာက DVB ကို ပြောပါတယ်။

စားဝတ်နေရေးအတွက်ကတော့ လက်မှုပညာတွေနဲ့ ကြုံရာကျပန်း လုပ်ကိုင်စားသောက်နေကြရကာ တံငါလုပ်ငန်းတွေလည်း လုပ်ကိုင်ကြရတယ်လို့ ဆိုပါတယ်။

အရင်က WFP က ဆန်နဲ့ ဆီ ထောက်ပံ့ရာကနေ ပြည်သူတယောက်ကို ငွေကျပ် ၁၅,၀၀၀ ကနေ ၃၀,၀၀၀ ကျပ်အထိ ထောက်ပံ့ပေးခဲ့ပြီး ၂၀၂၄ ခုနှစ် ၁ လပိုင်းက စတင်ကာ အထောက်အပံ့ ရပ်တန့်လိုက်လို့ ပြန်လည်ထောက်ပံ့ပေးဖို့ တောင်းဆိုထားတယ်လို့ ပြောပါတယ်။

လက်ရှိအချိန်မှာ ဝမ်းပျက်ဝမ်းလျှောရောဂါနဲ့ အိမ်တိုင်း ရာသီတုပ်ကွေးရောဂါ ဖြစ်ပွားနေကြပြီး ဆေးလည်း ဝယ်မသောက်နိုင်တဲ့အတွက် ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ဆေးဝါးအထောက်အပံ့တွေ အကူအညီ လိုအပ်နေတယ်လို့ ဆိုပါတယ်။

WFP ကို အားကိုးပြီး မှီခိုနေကြကာ အစပိုင်းမှာ ဆန်၊ ဆီ၊ ဆား၊ ပဲတွေ ထောက်ပံ့ရာကနေ နောက်ပိုင်းမှာ လူဦးရေအလိုက် လစဥ် ငွေကြေးထောက်ပံ့ပေးခဲ့ကြတယ်လို့ နေပူရွာဒုက္ခသည်စခန်းမှ ဦးဘမောင်က ပြောပါတယ်။

အထောက်အပံ့တွေ မရရှိတာ ၈ လလောက်ရှိပြီဖြစ်လို့ စားနပ်ရိက္ခာ ပြတ်တောက်ကာ ဆန်ပြုတ် ပြုတ်သောက်နေရတဲ့ မိသားစုတွေ ရှိတယ်လို့ ဆိုပါတယ်။

သက်ကြီးရွယ်အိုတွေအနေနဲ့ နာတာရှည်ရောဂါ ဖြစ်ပွားနေတာရှိသလို အိမ်တိုင်းနီးပါး ငှက်ဖျားနဲ့ ရာသီတုပ်ကွေးရောဂါ ဖြစ်ပွားနေကြကာ ကျန်းမာရေးစောင့်ရှောက်မှု အကူအညီတွေ အရေးပေါ်လိုအပ်နေတယ်လို့ ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာ အာရက္ခတပ်တော် (AA) နဲ့ စစ်ကောင်စီတပ်တို့ နှစ်ဖက်တိုက်ပွဲတွေ​ကြောင့် WFP ရဲ့ ကူညီထောက်ပံ့မှုလုပ်ငန်းတွေ ရပ်နားထားရသလို ဘူးသီးတောင်မြို့မှာလည်း မေ ၁ ရက် မနက်ပိုင်းမှာ UNHCR ဝန်ထမ်းတဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသတ်ဖြတ်လို့ သေဆုံးခဲ့ရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013