DVB Logo
Home
မြန်မာသတင်း
ဒီးမော့ဆို ကန်သာယာစစ်ရှောင်စခန်းတွင် ဆန်ပြတ်လပ်
DVB
·
July 23, 2024
ဒီးမော့ဆို ကန်သာယာစစ်ရှောင်စခန်းတွင် ဆန်ပြတ်လပ်
Donate to DVB

ကရင်နီ (ကယား) ပြည်နယ်နဲ့ ရှမ်းပြည်နယ်အစပ်၊ ဒီးမော့ဆို အနောက်ခြမ်းမှာရှိတဲ့ ကန်သာယာ စစ်ရှောင်စခန်းမှာ အလှူရှင်မလာရောက်တာ ၃ လလောက်ထိ ရှိနေပြီး ဆန်ပြတ်လပ်မှုတွေ ကြုံနေရတယ်လို့ စစ်ဘေးရှောင်ပြည်သူတဦးက ဇွန် ၂၃ ရက်မှာ ပြောပါတယ်။

“ကျနော်တို့ကမ့်ပ်ကတော့ အလှူရှင်မရောက်တော့တာ ၃ လကျော်လောက် ရှိပြီပေါ့နော်။ ထမင်းဆိုလည်း ပုံမှန်အားဖြင့် လူကြီးတွေက ၂ နှပ်ပဲစားတာ၊ မနက်နဲ့ ညပဲပေါ့။ ကလေးတွေပဲ ဦးစားပေး ကျွေးတာပေါ့။ ဆန်ပြတ်လပ်မှုတွေ ရှိလာတော့ ပိုက်ဆံလိုက်ချေးပြီး ဝယ်စားကြရတာ။ ဒီးမော့ဆိုအနောက်ခြမ်းက တခြားစစ်ရှောင်စခန်းတွေမှာလည်း အလှူရှင်တွေ လာလှူတာ နည်းလာတယ်လို့ သိရတယ်။ စားနပ်ရိက္ခာ အခက်အခဲတွေ ဖြစ်နေရတာပေါ့။”

ဒါ့အပြင် မိုးရာသီကာလ မိုးကာလိုအပ်နေပြီး ကလေးငယ်တွေမှာ တုပ်ကွေးနဲ့ နှာစီးချောင်းဆိုး ဖြစ်တဲ့သူတွေရှိကာ ဆရာဝန်တွေက တလတကြိမ် လာရောက်ကုသပေးပေမဲ့ စစ်ရှောင်စခန်းတွေ များတဲ့အတွက် ဆေးဝါးလုံလောက်မှု မရှိဘူးလို့ ဆိုပါတယ်။

ကန်သာယာစစ်ရှောင်စခန်းမှာ အိမ်ခြေ ၄၄ အိမ်ရှိပြီး လူဦးရေ ၁၉၇ ယောက်ရှိကာ ဒီးမော့ဆိုမြို့၊ ထူလွီဘီလာနဲ့ လွိုင်ကော်မြို့ကနေ စစ်ရှောင်လာကြပြီး စစ်ရှောင်ကာလ ၃ နှစ်ကျော် ရှိလာတာကြောင့် စားဝတ်နေရေး အခက်အခဲ ရှိလာတယ်လို့ သိရပါတယ်။

နေရပ်ပြန်နေထိုင်ဖို့အတွက်လည်း စစ်ကောင်စီတပ်ရဲ့ မြေမြှုပ်မိုင်းတွေ၊ လက်နက်ကြီးရန်တွေအပြင် နေအိမ်မီးရှို့ခံထားရတာတွေလည်း ရှိတဲ့အတွက် နေရပ်ပြန်ဖို့ ခက်ခဲနေတယ်လို့ ဆိုပါတယ်။

ကရင်နီ (ကယား) ပြည်နယ်မှာ စစ်ဘေးရှောင်ပြည်သူ ၃ သိန်းခွဲကျော်ရှိနေပြီး စစ်ရှောင်ကာလ ကြာမြင့်လာတာကြောင့် ရိက္ခာပြတ်လပ်မှုတွေ၊ မိုးကာနဲ့ ဆေးဝါးလိုအပ်ချက်တွေ ရှိနေပြီး အခက်အခဲတွေနဲ့ ရင်ဆိုင်နေရကာ အလှူရှင် လာရောက်လှူဒါန်းတာလည်း နည်းသွားတယ်လို့ စစ်ဘေးရှောင်ပြည်သူတွေဆီက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013