DVB Logo
Home
မြန်မာသတင်း
ရန်ကုန်တွင် ကွမ်းရွက်တပိဿာ ကျပ် ၃၀,၀၀၀ အထိဈေးတက်
DVB
·
July 23, 2024
ရန်ကုန်တွင် ကွမ်းရွက်တပိဿာ ကျပ် ၃၀,၀၀၀ အထိဈေးတက်
Donate to DVB

ရန်ကုန်မှာ ကွမ်းရွက်တပိဿာကို ကျပ် ၃၀,၀၀၀ အထိ ဈေးတက်လာပြီး ကွမ်းရောင်းချသူတွေ အခက်တွေ့လာရတယ်လို့ သိရပါတယ်။

လွန်ခဲ့တဲ့ ရက်သတ္တပတ်က ရန်ကုန်မှာ ကွမ်းရွက်ဈေးနှုန်း တပိဿာကို ကျပ် ၂၁,၀၀၀ သာ ရှိခဲ့ပေမဲ့ ပြီးခဲ့တဲ့ရက်ပိုင်းလောက်ကစပြီး ဧရာဝတီတိုင်း၊ ပဲခူးတိုင်းတို့မှာ ရေကြီးနစ်မြုပ်တာတွေဖြစ်ကာ ကွမ်းခင်းတွေ ပျက်စီးသွားတာကြောင့် ကွမ်းရွက် ဈေးမြင့်တက်လာတာလို့ သီရိမင်္ဂလာဈေးသစ်က ကွမ်းရွက်ဒိုင်တွေထံက သိရပါတယ်။

ကွမ်းရွက်ဒိုင်တဦးက “ဧရာဝတီဘက်က ရေကြီးလို့ ကွမ်းခင်းတွေ ပျက်စီးတာနဲ့ ကွမ်းအဝင် နည်းသွားလို့ ဈေးက ထိုးတက်သွားတာ။ ဒါကတော့ နှစ်စဉ်ဖြစ်နေကျပါ။ ကွမ်းအဝင်လိုက်လာရင်တော့ ဈေးပြန်ကျမှာပါ။ ဒီနှစ် ရေအခြေအနေအပေါ်မူတည်ပြီး ဘယ်အချိန် ဈေးပြန်ကျမလဲ ဆိုတာတော့ ရှိသေးတာပေါ့” လို့ ပြောပါတယ်။

ဒီလို ကွမ်းရွက်ဈေးနှုန်းတွေ အဆမတန် မြင့်တက်လာတာကြောင့် ကွမ်းယာရောင်းချသူတွေ အနေနဲ့ ပုံမှန်ရောင်းချနေတဲ့ ကွမ်းရွက်တွေရဲ့ အရည်အသွေးထက် အဆင့်နိမ့်တဲ့ ကွမ်းရွက်တွေကို ဝယ်ယူပြီး လက်ရှိရောင်းချနေတဲ့ ဈေးနှုန်းနဲ့ အယာရေအတိုင်း ဆက်လက် ရောင်းချကြတယ်လို့ ကွမ်းရောင်းချနေသူတွေက ပြောပါတယ်။

အင်းစိန်မြို့နယ်မှာ ကွမ်းရောင်းနေသူတဦးက “ကွမ်းဈေး ၂၀,၀၀၀ ကျော်တုန်းက ၅၀၀ ဖိုးကို ၈ ယာနဲ့ ရောင်းတယ်။ အခု ၃၀,၀၀၀ ကျော်တော့ တချို့ဆိုင်တွေက ၅၀၀ ဖိုးကို ၃ ယာနဲ့ ရောင်းနေကြပြီ။ ကွမ်းကောင်းကိုင်တဲ့သူတွေက သူတို့ဆိုင်နာမည်ကို အထိမခံဘူး။ ကွမ်းကောင်းစားချင်ရင် သူတို့ဆီလာ၊ ကွမ်းကြမ်းစားချင်ရင်တော့ အယာရေများများရတဲ့ဆိုင်မှာ သွားစားရတာမျိုး ဖြစ်လာတယ်။ ကိုယ်‌ရောင်းတာက အခြေခံလူတန်းစားတွေ နေထိုင်တဲ့ နေရာဆိုတော့ အယာလျှော့လို့မရဘူး။ ကွမ်းကိုပဲ အရည်အသွေးနိမ့်တာဝယ်ပြီး လက်ရှိရောင်းတဲ့အတိုင်း ရောင်းနေရတာပေါ့” လို့ ပြောပါတယ်။

လက်ရှိမှာ ဧရာဝတီမြစ်ရေ မြင့်တက်မှုကြောင့် ပဲခူးတိုင်း၊ ဧရာဝတီတိုင်းတို့မှာ ရေကြီးနစ်မြုပ်မှု‌တွေ ဖြစ်ပေါ်နေပြီး ကွမ်းစိုက်ခင်းတွေအပြင် တခြားသီးနှံစိုက်ခင်းတွေပါ ရေကြီးနစ်မြုပ်ကာ ပျက်စီးနေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013