DVB Logo
Home
မြန်မာသတင်း
ကချင်ပြည်နယ် နေရာအနှံ့အပြားတွင် ဖုန်းလိုင်းနှင့်အင်တာနက်လိုင်းများ ပြတ်တောက်
DVB
·
July 23, 2024
ကချင်ပြည်နယ် နေရာအနှံ့အပြားတွင် ဖုန်းလိုင်းနှင့်အင်တာနက်လိုင်းများ ပြတ်တောက်
Donate to DVB

ကချင်ပြည်နယ်က မြို့ကြီးတွေအပါအဝင် ပြည်နယ်တခုလုံးအတိုင်းအတာအနေနဲ့ ဇွန်လိုင် ၁၉ ရက်ကစတင်ပြီး ဖုန်းလိုင်းတွေ ပြတ်တောက်နေတယ်လို့ ဗန်းမော်မြို့ခံတွေဆီက သိရပါတယ်။

ကချင်ပြည်နယ်က မြို့ကြီးတွေဖြစ်တဲ့ ဗန်းမော်၊ မြစ်ကြီးနားအပါအဝင် မြို့တော်တော်များများမှာ ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်း ပြတ်တောက်နေတာ ၄ ရက်ရှိလာပြီလို့ ဗန်းမော်မြို့ခံတဦးက ပြောပါတယ်။

“ဗန်းမော်ကော၊ မြစ်ကြီးနားကော ဖုန်းလိုင်းတွေမရတော့ဘူး ဘယ်ဖုန်းလိုင်းမှ မရတော့ဘူး။ အစကတော့ MPT အရင်ပြတ်တာ၊ အဲနောက် Mytel နဲ့ Oreadoo တော့ ၂၀ ရက်နေ့လောက်က ပြတ်သွားတယ်။ အရင်လိုပဲ ပြတ်လိုက် ပြန်လာလိုက်ဖြစ်မယ်ထင်နေတာ။ မြစ်ကြီးနားကို စုံစမ်းကြည့်တော့ မြစ်ကြီးနားလည်း မရတော့ဘူးတဲ့၊ တခြားရွှေဂူလည်း ဆက်မရဘူး။”

ဗန်းမော်မြို့ပတ်ဝန်းကျင်မှာတော့ မိုးမောက်မြို့သိမ်း တိုက်ပွဲစတင်ဖြစ်ပွားတဲ့ မေလကနေ စတင်ပြီး ATOM လိုင်းတွေကို ဖြတ်တောက်ထားတယ်လို့ သိရပါတယ်။

မြစ်ကြီးနားမြို့ ပတ်ဝန်းကျင်မှာလည်း ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်း ပြတ်တောက်နေတာနဲ့ ပတ်သက်ပြီး တရုတ်နိင်ငံမှာ အလုပ်လုပ်ကိုင်နေတဲ့ လူငယ်တဦးက အခုလိုပြောပါတယ်။

“သုံးလေးရက်ရှိပြီ အိမ်ကို ခေါ်မရတာ၊ အရင်ကတော့  Wechat ကနေ လိုင်းရရင် ပြောနေကျေ။ အိမ်ကိုခေါ်လို့လည်း မရလို့ စုံစမ်းကြည့်တော့ မြန်မာဖုန်းလိုင်းတွေ အကုန်ပြတ်နေတယ်လို့ သိရပါတယ်။” 

အဓိက အသုံးများတဲ့ ဖုန်းအော်ပရာတာ ၄ ခုလုံး ပြတ်တောက်နေတာဖြစ်ပြီး တကောင်းနယ်မှာ ဆက်သွယ်ရေးကြိုးတွေ ပြတ်တောက်သွားတာကြောင့်လို့ သတင်းတွေ ထွက်ပေါ်နေပေမဲ့ သီးခြားအတည်ပြုနိုင်တာတော့ မရှိသေးပါဘူး။

စစ်ကောင်စီ ဗျူဟာတပ်စခန်းတွေနဲ့ နီးတဲ့ ပတ်ဝန်းကျင်မှာတော့ MEC ဖုန်းလိုင်တွေ အသုံးပြုလို့ရတယ်လို့ သိရပါတယ်။

စစ်ကောင်စီဘက်ကတော့ စစ်ရေးနဲ့ နိင်ငံရေးမတည်မငြိမ်ဖြစ်တဲ့ အခြေအနေတွေမှာ ဖုန်းလိုင်း၊ အင်တာနက်လိုင်းတွေကို ဖြတ်တောက်လေ့ရှိသလို ဖားကန့်မြို့နယ်ကိုလည်း ၂၀၂၂ ခုကနေ ၂၀၂၃ ခုအထိ တနှစ်ကျော် အင်တာနက်လိုင်း ဖြတ်တောက်မှုတွေ ပြုလုပ်ခဲ့ပါသေးတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013