DVB Logo
Home
မြန်မာသတင်း
ရွှေကမ်းလွန်သဘာဝဓာတ်ငွေ့လုပ်ငန်းတွင် တရုတ်ကုမ္ပဏီ COOEC က ဒေါ်လာ ၅၂၃ သန်းတန် ကန်ထရိုက်ရ  
DVB
·
July 23, 2024
ရွှေကမ်းလွန်သဘာဝဓာတ်ငွေ့လုပ်ငန်းတွင် တရုတ်ကုမ္ပဏီ COOEC က ဒေါ်လာ ၅၂၃ သန်းတန် ကန်ထရိုက်ရ  
Donate to DVB

မြန်မာ့ကမ်းလွန်ပင်လယ်ပြင်မှာ ဆောင်ရွက်နေတဲ့ Posco ကုမ္ပဏီရဲ့ သဘာဝဓာတ်ငွေ့စီမံကိန်း EPC လုပ်ငန်းဆိုင်ရာ အမေရိကန်ဒေါ်လာ ၅၂၃ သန်းတန်ဖိုးရှိ သဘောတူစာချုပ်ကို China Offshore Oil Engineering ကုမ္ပဏီလီမီတက် (COOEC) က ချုပ်ဆိုရရှိပါတယ်။

တရုတ်ကုမ္ပဏီ COOEC နဲ့ တောင်ကိုရီးယား သံမဏိထုတ်လုပ်ရေး ကုမ္ပဏီ Posco International တို့ဟာ ရွှေကမ်းလွန်သဘာဝဓါတ်ငွေ့ ထုတ်လုပ်ရေး စီမံကိန်းရဲ့ အဆင့် ၄ တည်ဆောက်ရေးဆိုင်ရာ PEC စာချုပ်ကို ဇူလိုင် ၁၇ ရက်က လက်မှတ်ရေးထိုးခဲ့ကြောင်း ကုမ္ပဏီရဲ့ကြေညာချက်ကို ကိုးကားပြီး တရုတ် ဆင်ဟွာသတင်းမှာ ဖော်ပြပါတယ်။

ရှန်ဟိုင်းအခြေစိုက် COOEC  ကုမ္ပဏီ ဟာ ရေအောက် မီတာ ၁၀၀၀ ကျော် အနက်ရှိ နိုင်ငံတကာ ရေနံနဲ့သဘာဝဓာတ်ငွေ့ စီမံကိန်းတခုအတွက် EPC ကန်ထရိုက်တာအဖြစ် ပထမဆုံးအကြိမ်အနေနဲ့ ရွေးချယ်ခံခဲ့ရတာဖြစ်ပြီး  ဒါဟာ သူတို့ကုမ္ပဏီရဲ့ စွမ်းဆောင်ရည်အပေါ် Posco ရဲ့ ယုံကြည်မှုကို ပြသလိုက်တာလို့ ပြောပါတယ်။

နောက်ပြီး စီမံကိန်းအောင်မြင်စွာ ပြီးစီးခဲ့မယ်ဆိုရင် ကုမ္ပဏီရဲ့ စွမ်းဆောင်ရည်နဲ့ ဂုဏ်သတင်း ကျော်ကြားမှုအပေါ် အပြုသဘောဆောင်တဲ့ သက်ရောက်မှု ရှိလာမယ်လို့လည်း ဆိုပါတယ်။ အခု ဆောင်ရွက်သွားမဲ့ စီမံကိန်းဟာ COOEC အတွက် မြန်မာ့ရေပိုင်နက်အတွင်း ဒုတိယမြောက် EPC စီမံကိန်းလည်း ဖြစ်လာခဲ့ပါတယ်။  

EPC လို့ခေါ်တဲ့ အင်ဂျင်နီယာလုပ်ငန်း၊ စက်ပစ္စည်းဝယ်ယူရေးနဲ့ ဆောက်လုပ်ရေးစာချုပ်အရ တရုတ်အမျိုးသား ကမ်းလွန်ရေနံ ကော်ပိုးရေးရှင်းရဲ့ အစိတ်အပိုင်းတခုလည်းဖြစ်တဲ့ COOEC ဟာ စီမံကိန်းဒီဇိုင်း ရေးဆွဲခြင်း၊ ပစ္စည်း ကိရိယာဝယ်ယူခြင်း၊ တူးဖော်ရေး ပလက်ဖောင်း ပြန်လည် ပြုပြင်မွမ်းမံခြင်း၊ ရေအောက်ပိုက်လိုင်းတွေနဲ့ စက်ပစ္စည်းကိရိယာတွေ တပ်ဆင်ခြင်း၊ လုပ်ငန်းမအပ်နှံခင် စာချုပ်ပါ အထွေထွေ လုပ်ငန်းတွေကို ဆောင်ရွက်ခြင်း စတဲ့ လုပ်ငန်းတွေကို ၃ နှစ်အတွင်း ပြီးစီးအောင် တာဝန်ယူ ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။

ရွှေကမ်းလွန်သဘာဝဓာတ်ငွေ့တူးဖော် ထုတ်လုပ်ရေးလုပ်ကွက်ဟာ ရခိုင်ပြည်နယ်အလွန် ဘင်္ဂလားပင်လယ်အော်အတွင်းမှာ တည်ရှိပြီး ဒီစီမံကိန်းကို ကုမ္ပဏီမျိုးစုံပါဝင်တဲ့ အကျိုးတူလုပ်ငန်းစုမှာ ရှယ်ယာအများဆုံး ပိုင်ဆိုင်ထားတဲ့ ဆိုးလ်အခြေစိုက် Posco ကုမ္ပဏီက ဦးစီးလုပ်ကိုင်နေတာပါ။

ကြီးမားတဲ့ သဘာဝဓာတ်ငွေ့သိုက်ကြီးတခုရဲ့ တစိတ်တပိုင်းအဖြစ် ရှိနေတဲ့ ရွှေကမ်းလွန်လုပ်ကွက်ကို ၂၀၀၄  ခုနှစ်မှာ တွေ့ရှိခဲ့ပါတယ်။

စီးပွားဖြစ်ထုတ်လုပ်မှုကို  ၂၀၁၃ ခုနှစ်မှာ စတင်ခဲ့ကာ တရက်ကို သဘာဝဓာတ်ငွေ့ သန်း ၅၆၀ ကုဗပေ လောက် ထုတ်လုပ်ပြီး အများစုကိုတော့ တရုတ်ကို တင်ပို့ရောင်းချတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013