
ဆောင်းရာသီကာလအတွင်း စွမ်းအင်ထောက်ပံ့မှု ရှားပါးလာပြီး အရှေ့အလယ်ပိုင်းဒေသမှာ ပဋိပက္ခတွေ ဆက်ဖြစ်နေလို့ ဥရောပမှာ သဘာဝဓာတ်ငွေ့ဈေးနှုန်းတွေ အောက်တိုဘာ ၂၆ ရက်မှာ တစ်မဂ္ဂါဝပ် နာရီကို ၉၇ ယူရို၊ အမေရိကန် ဒေါ်လာ ၁၀၈ ဒေါ်လာအထိ မြင့်တက်လာခဲ့ပြီး ၂၀၂၂ ခုနှစ် ဒီဇင်ဘာလနောက်ပိုင်း အမြင့်ဆုံးအဆင့်ကို ရောက်ခဲ့ပါတယ်။
အခုနှစ် ဖေဖော်ဝါရီလမှာ စစ်ပွဲတွေ စမဖြစ်မီက ဥရောပမှာ သဘာဝဓာတ်ငွေ့ဈေးနှုန်းတွေဟာ တစ်မဂ္ဂါဝပ်နာရီကို ၃၂ ယူရို (အမေရိကန်ဒေါ်လာ ၃၆ ဒေါ်လာ) ဝန်းကျင်သာ ရှိခဲ့တာပါ။
ဒီလအစပိုင်းမှာလည်း ဈေးနှုန်းက ၇၅ ယူရို (အမေရိကန်ဒေါ်လာ ၈၄ ဒေါ်လာ) အောက်မှာသာ ရှိနေခဲ့ပါတယ်။
တချိန်တည်းမှာ ဥရောပရဲ့ သဘာဝဓာတ်ငွေ့ သိုလှောင်မှု အခြေအနေက ဖိအားတွေနဲ့ ရင်ဆိုင်နေရပါတယ်။
လက်ရှိအချိန်မှာ ဥရောပက သဘာဝဓာတ်ငွေ့သိုလှောင်ရုံတွေမှာ ဓာတ်ငွေ့ပမာဏက ၇၅ ရာခိုင်နှုန်း လောက်သာ ရှိနေပြီး ဒီပမာဏက အရင်နှစ်တွေရဲ့ ဒီကာလအတွက် ပျမ်းမျှသိုလှောင်မှုပမာဏရဲ့ ၈၀ ရာခိုင်နှုန်းအောက် လျော့နည်းနေပါတယ်။
ဒီအခြေအနေဟာ ၂၀၀၉ ခုနှစ်မှာ စတင်မှတ်တမ်းတင်ခဲ့ချိန်ကစပြီး တနှစ်တာရဲ့ ဒီကာလ အပိုင်းအခြားအတွက် အနိမ့်ဆုံးအဆင့် ဖြစ်လာပါတယ်။
ဥရောပတိုက်တဝန်း အပူချိန်တွေ ကျဆင်းလာတာနဲ့အမျှ လာမဲ့ရက်တွေအတွင်း အပူပေးစနစ် အတွက် သဘာဝဓာတ်ငွေ့လိုအပ်ချက် သိသိသာသာ မြင့်တက်လာနိုင်တယ်လို့ ဈေးကွက်က ခန့်မှန်းထားပါတယ်။
Source: Reuters











