DVB Logo
Home
မြန်မာသတင်း
၃ နှစ်ကျော်အတွင်း မြန်မာတက္ကသိုလ်နှင့် စာသင်ကျောင်းများ အကြိမ် ၁၇၀ ကျော် တိုက်ခိုက်ခံရ
DVB
·
July 22, 2024
၃ နှစ်ကျော်အတွင်း မြန်မာတက္ကသိုလ်နှင့် စာသင်ကျောင်းများ အကြိမ် ၁၇၀ ကျော် တိုက်ခိုက်ခံရ
Donate to DVB

စစ်အာဏာသိမ်း ၃ နှစ်ကျော်ကာလတွေအတွင်း မြန်မာနိုင်ငံမှာ တက္ကသိုလ်နဲ့ စာသင်ကျောင်းတွေကို တိုက်ခိုက်ခံရတဲ့ အကြိမ်ရေ ၁၇၀ ကျော်အထိ ရှိခဲ့တယ်လို့ လက်နက်ကိုင်ပဋိပက္ခတွေကို စောင့်ကြည့်လေ့လာနေတဲ့အဖွဲ့တခုဖြစ်တဲ့ Myanmar Witness အဖွဲ့က ပြောပါတယ်။

ဒီကိန်းဂဏန်းအချက်အလက်တွေက ဆိုရှယ်မီဒီယာနဲ့ သတင်းအစီရင်ခံစာတွေကကနေ ရယူထားတာ ဖြစ်ပြီးတော့ မြန်မာနိုင်ငံရဲ့ ပြည်တွင်းစစ်တိုက်ပွဲတွေ ပြင်းထန်လာတာကြောင့် စာသင်ကျောင်းတွေအပေါ် အဖျက်အဆီးခံရမှုတွေ သိသိသာသာ တိုးလာကြောင်းလည်း ဗြိတိန်အခြေစိုက် လွတ်လပ်တဲ့ သတင်းအချက်အလက် ရှာဖွေဖော်ထုတ်ရေးအဖွဲ့ရဲ့ အစီရင်ခံစာထဲမှာ ဖော်ပြပါတယ်။

ဒီအကျိုးဆက်အနေနဲ့ သန်းပေါင်းများစွာသော ကလေးတွေအတွက် ပညာရေးကို ထိခိုက်စေပြီးတော့ နေအိမ်တွေမှ ထွက်ပြေးတိမ်းရှောင်ရတာတွေ၊ ကာကွယ်ဆေး မထိုးနှံနိုင်တာတွေ၊ အာဟာရမလုံလောက်မှုဒဏ်တွေကိုပါ ခံစားနေကြရတယ်လို့ ဆိုပါတယ်။

Myanmar Witness အဖွဲ့ရဲ့ ပရောဂျက်ဒါရိုက်တာ မက်ထ် လောရင့်စ်က မြန်မာနိုင်ငံမှာ ပညာရေးကို အကာအကွယ်မပေးထားရင် မျှော်လင့်ချက်နဲ့ အကြောင်းပြချက်တွေထက် ဂိုဏ်းဂဃစွဲဝါဒနဲ့ စစ်ပွဲတွေရဲ့ တွန်းအားပေးခံရမယ့် နောင်လာမယ့် မျိုးဆက်တွေရဲ့ ရှုမြင်ချက်က အန္တရာယ်ရှိတယ်လို့ ပြောလိုက်ပါတယ်။

Save the Children အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာတော့ မြန်မာနိုင်ငံမှာ ၂၀၂၀ ပြည့်နှစ် ကိုဗစ်-၁၉ ကပ်ဘေးအစကာလကနေ စစ်တပ်က အာဏာသိမ်းပြီး တနှစ်ကြာ ၂၀၂၂ ခုနှစ်အထိ ကျောင်းသား ကျောင်းသူ ၈၀ ရာခိုင်နှုန်း ကျဆင်းသွားခဲ့တယ်လို့ ဆိုပါတယ်။

၂၀၂၂ နှစ်လည်မှာ နိုင်ငံတဝန်း ကလေးသူငယ်ဦးရေရဲ့ ထက်ဝက်နီးပါးဖြစ်တဲ့ ၇ ဒသမ ၈ သန်းလောက်ဟာ ကျောင်းမတက်နိုင်ကြတော့ဘူးလို့ ဆိုပါတယ်။

Myanmar Witness အဖွဲ့ရဲ့ အစီရင်ခံစာမှာတော့ တက္ကသိုလ်နဲ့ စာသင်ကျောင်းတွေ အကြိမ်ရေ ၁၇၀ ကျော် တိုက်ခိုက်ခံရမှုမှာ သေဆုံးသူ ၆၄ ဦးနဲ့ ဒဏ်ရာရရှိသူ ၁၀၆ ဦးတို့ကို မှတ်တမ်းတင်ထားနိုင်ပေမဲ့ အများစုကို အတည်မပြုနိုင်သေးဘူးလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းကတော့ အမျိုသားညီညွတ်ရေးအစိုးရ (NUG) က  စစ်ကောင် စီတပ်တွေ တိုက်ခိုက်မှုတွေကြောင့် အသက် ၁၈ နှစ်အောက် ကလေးသူငယ် ၅၇၀ ကျော် သေဆုံးခဲ့ကြောင်း ခန့်မှန်းထားပါတယ်။

ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ (UNICEF) ရဲ့ ဇွန်လတုန်းက ထုတ်ပြန်တဲ့ အစီရင်ခံ စာမှာတော့ မြန်မာနိုင်ငံကလေးသူငယ်တွေရဲ့ ၃၅ ရာခိုင်နှုန်းဟာ အစားအသောက် ချို့တဲ့နေတဲ့ အခြေအနေမှာ နေထိုင်နေကြရတယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013