DVB Logo
Home
မြန်မာသတင်း
သပိတ်ကျင်းတွင် စစ်ကောင်စီတပ်စခန်းနှင့် စစ်ဆေးရေးဂိတ်ကို PDF သိမ်းပိုက်
DVB
·
July 22, 2024
သပိတ်ကျင်းတွင် စစ်ကောင်စီတပ်စခန်းနှင့် စစ်ဆေးရေးဂိတ်ကို PDF သိမ်းပိုက်
Donate to DVB

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ အင်းနက်ရွာအနီးက တာဝါတိုင်ကုန်းပေါ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းနဲ့ စစ်ဆေးရေးဂိတ်ကို ကာကွယ်ရေးပူးပေါင်းအဖွဲ့က သိမ်းယူခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနက ဇူလိုင် ၂၁ ရက်မှာ ထုတ်ပြန်ပါတယ်။

အင်းနက်တာဝါတိုင်တပ်စခန်းနဲ့ စစ်ဆေးရေးဂိတ်ကို ပြီးခဲ့တဲ့ ဇူလိုင် ၂၀ ရက်က အမှတ် ၃ အထူးလှုပ်ရှားတပ်ရင်း၊ တိုင်းဒရုန်းအဖွဲ့နဲ့ သပိတ်ကျင်းမြို့နယ် ပကဖတို့ ပူးပေါင်းတိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦးကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးနိုင်ခဲ့သလို နောက်ထပ် ၈ ဦးရဲ့ ရုပ်အလောင်းတွေလည်း ရခဲ့တယ်လို့ သပိတ်ကျင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူတဦးက ​ပြောပါတယ်။

“စစ်ဆေးရေးဂိတ်ကိုတိုက်ပြီး အထိုင်စခန်းကို အချိန်ကြာကြာ တိုက်ရတာပါ။ စကစဘက်ကလည်း လေကြောင်းက နှစ်ကြိမ်ပစ်ကူပေးပေမဲ့ တော်လှန်ရေးပူးပေါင်းအဖွဲ့ တွေက အပြီးသတ် သိမ်းနိုင်ခဲ့တာ။ ဒီနေ့ ဇူလိုင်လ ၂၂ ရက် မနက်ပိုင်းထိတော့ ပြန်ပြီး တုံ့ပြန်လာတာ မရှိသေးပါဘူး။”

ဒါ့အပြင် အင်းနက်တာဝါတိုင်ကုန်း စခန်းသိမ်းတိုက်ပွဲအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်တွေထံက လက်နက်ငယ် ၂၃ လက်၊ ကျည်မျိုးစုံ ၃,၃၇၉ တောင့်၊ လက်ပစ်ဗုံး ၄ လုံး၊ ရှေ့ထွက်မိုင်း ၁ လုံး၊ ကျည်ဘောက် ၉၉ ဘောက်ကို သိမ်းဆည်းရရှိခဲ့ကြောင်း NUG ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အလားတူ မန္တလေးတိုင်းထဲက စဥ့်ကူး၊ မိုးကုတ်နဲ့ မတ္တရာမြို့နယ်တွေမှာလည်း စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တို့အကြား တိုက်ပွဲတွေ ပြင်းထန်နေကြောင်းနဲ့ စဥ့်ကူးမြို့ကိုလည်း ကာကွယ်ရေးတပ်ဖွဲ့တွေက ဆက်လက်ထိန်းချုပ်ထားကြောင်း သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013