DVB Logo
Home
မြန်မာသတင်း
တဖက်သတ်အပစ်ရပ်ကာလ တိုးထားသော်လည်း လားရှိုးတွင် တိုက်ပွဲပိုပြင်းထန်
DVB
·
July 21, 2024
တဖက်သတ်အပစ်ရပ်ကာလ တိုးထားသော်လည်း လားရှိုးတွင် တိုက်ပွဲပိုပြင်းထန်
Donate to DVB

MNDAA ဘက်က တဖက်သတ် အပစ်အခတ်ရပ်ကာလ တိုးထားပေမယ့် ဒီနေ့ ဇူလိုင် ၂၁ ရက်နေ့ လားရှိုးမှာ တိုက်ပွဲပိုပြီး ပြင်းထန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံအမျိုးသမီးတယောက်က “၅၀၇ တပ်ဘက် တိုက်ပွဲပြင်းထန်နေတယ်။‌ လေယာဉ်ဗုံးလည်း ကြဲတယ်။ ရပ်ကွက် ၅ ဘက် ကြမ်းနေတာ အခု။ မနေ့ည အိမ်ဘေးနား တလမ်းမှာလည်း လက်နက်ကြီးကျတယ်” လို့ ပြောပါတယ်။

အပစ်အခတ် ချက်ချင်းရပ်စဲဖို့နဲ့ စစ်ပွဲတွေ ရပ်တန့်ဖို့ တရုတ်က တောင်းဆိုထားတာကြောင့် တောင်းဆိုချက်ကို တုံ့ပြန်တဲ့အနေနဲ့ ဇူလိုင် ၁၉ ရက်ကနေ ၃၁ ရက်အထိ MNDAA တပ်ဖွဲ့တွေ လက်ရှိ ရောက်ရှိနေတဲ့နေရာတွေမှာပဲ ဆက်လက်ခံစစ်ဆင်ဖို့၊ MNDAA ဘက်က စတင် ထိုးစစ်ဆင်တာတွေ ရပ်တန့်ဖို့ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) စစ်ကော်မရှင်က ဇူလိုင် ၁၉ ရက်စွဲနဲ့ အသိပေးကြေညာစာ ထုတ်ပြန်ထားပါတယ်။

ရပ်ကွက် ၁ နေ အမျိုးသားတယောက်က “မြို့ထဲရပ်ကွက် တချို့မှာတော့ MNDAA တပ်ဖွဲ့တွေ ရောက်နေပြီ။ တနေ့ကတောင် မုခ်ဝဘက် မော်တော်ပီကယ်ရုံးနားထိ ရောက်နေတယ် ကြားတယ်။ အဲဒီ မုခ်ဝ၊ နတ်ရေကန်၊ ၄၁ တပ်တွေက ရပ်ကွက် ၁ ထဲပဲလေ။ အခုက အဲဒီဘက် အခြေအနေဆိုးနေတာ။ ကျနော်တောင်‌ နေလို့မရရင် ထွက်သွားမလို့ အဲဒါ ထွက်လို့မရဘူး ပြောနေတယ်” လို့ ပြောပါတယ်။

မနက် ၅ နာရီလောက်ကတည်းက လက်နက် အကြီး အသေး ပစ်ခတ်နေသံ ကြားနေရပြီ အထက်မန်အိုင်ဘက်၊ ရပ်ကွက် ၉၊ ခလရ ၆၈ နဲ့ ၄၁ တပ်ဘက်မှာ တိုက်ပွဲဖြစ်‌နေပြီး လက်နက်ကြီးတွေလည်း ရပ်ကွက်တွေထဲ ကျနေတယ်လို့ ဆိုပါတယ်။

တိုက်ပွဲတွေ ပြင်းထန်လာလို့ မြို့ထဲရပ်ကွက်တွေမှာ ကျန်နေတဲ့ ပြည်သူတချို့ စစ်ရှောင်ဖို့ ကား၊ ဆိုင်ကယ်တွေနဲ့ အများအပြား ထွက်လာပေမယ့် မုခ်ဦးအကျော်နား တိုက်ပွဲပြင်းထန်နေတဲ့အပြင် လေယာဉ်နဲ့ ဗုံးတွေ လာကြဲနေတာကြောင့် စစ်ရှောင်ဖို့ တန်းစီနေတဲ့သူတွေ ပြန်လှည့်လာခဲ့ရတယ်လို့ ဒေသခံ အမျိုးသမီးတယောက်က ပြောပါတယ်။

ရပ်ကွက် ၅ ရဲ့ တခြမ်းကိုတော့ ပြီးခဲ့တဲ့အပတ်ကတည်းက MNDAA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ နေရာယူထားပြီဖြစ်ပြီး နောက်တခြမ်းဘက်မှာတော့ စစ်ကောင်စီတပ်တွေ ရှိနေတာကြောင့် ရပ်ကွက်ထဲ ထိပ်တိုက်တိုက်ပွဲတွေဖြစ်ပြီး ဒရုန်းအပါအဝင် လက်နက်ကြီးတွေလည်း ကျသလို နေအိမ်တွေ မီးလောင် ပြိုကျကုန်တယ်လို့ ရပ်ကွက် ၅ ‌ဒေသခံ အမျိုးသားတယောက်က ပြောပါတယ်။

စစ်ကောင်စီဘက်ကတော့ MNDAA ဘက်က ၄ ရက်တာ ထိုးစစ်ရပ်ဆိုင်းထားတဲ့ ကာလ ဇူလိုင် ၁၈ ရက်နေ့မှာ ရမခ တိုင်းမှူး ဗိုလ်ချုပ်စိုးတင့် အစား ရမခ တိုင်းမှူးအသစ်အဖြစ် တပ်မ ၉၉ တပ်မမှူး ဗိုလ်မှူးချုပ် စိုးလှိုင်ကို ပြောင်းလဲခန့်အပ်တယ်လို့ CDM တယောက်ဆီက သိရပါတယ်။

MNDAA ဘက်က အပစ်ခတ်ရပ်ကာလ ထပ်တိုးတဲ့ ဇူလိုင် ခ၁၉ ရက်‌နေ့ကတည်းက လက်ရှိအချိန်အထိ လားရှိုးမြို့စွန်ပတ်ပတ်လည်နဲ့ ရပ်ကွက် ၅ မှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတာ ဖြစ်ပါတယ်။

MNDAA ကတော့ အပစ်အခတ်ရပ်စဲထားတဲ့ ကာလအတွင်း လေကြောင်းရန်ကာကွယ်ရေးကို စီမံဆောင်ရွက်ထားဖို့၊ စစ်ဘေးဒုက္ခသည် ကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆောင်ရွက်ဖို့နဲ့ MNDAA ရဲ့ ကွပ်ကဲရေးတပ်မှူးတွေ၊ အရာရှိတွေ၊ စစ်သည်တွေအားလုံး ထုတ်ပြန်ညွှန်ကြားချက်တွေကို တိတိတိကျကျ လိုက်နာဖို့လည်း ဆိုထားပြီး အပစ်အခတ် ရပ်စဲရေးကာလအတွင်း စစ်ကောင်စီက တိုက်ခိုက်လာမယ်ဆိုရင်တော့ MNDAA တပ်ဖွဲ့တွေအနေနဲ့ အကန့်အသတ်နဲ့ မိမိကိုယ်ကိုယ် ခုခံကာကွယ်တဲ့ တန်ပြန်တိုက်ခိုက်တာတွေကို သင့်တော်သလို လုပ်ဆောင်နိုင်တယ်လို့လည်း ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013