DVB Logo
Home
အားကစား
ရာသီကြိုခြေစမ်းပွဲတွင် မန်ယူနိုင်ပွဲရ၊ ပရီးမီးယားလိဂ်ဖလားယူနိုင်ရန် အလှမ်းဝေးနေဆဲဟု နည်းပြဝန်ခံ
DVB
·
July 21, 2024
ရာသီကြိုခြေစမ်းပွဲတွင် မန်ယူနိုင်ပွဲရ၊ ပရီးမီးယားလိဂ်ဖလားယူနိုင်ရန် အလှမ်းဝေးနေဆဲဟု နည်းပြဝန်ခံ
Donate to DVB

မန်ချက်စတာယူနိုက်တက်အသင်းဟာ မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ခြေစမ်းပွဲမှာ စကော့တလန် ရိန်းဂျားအသင်းကို (၂-၀) ဂိုးနဲ့ အနိုင်ရသွားပါတယ်။

ရိန်ဂျားအသင်းရဲ့ အိမ်ကွင်းမှာ ကစားခဲ့တဲ့ မနေ့ည ပွဲစဉ်မှာ မန်ယူအတွက် ဂိုးတွေကိုတော့ ပထမပိုင်း ပွဲချိန် ၃၉ မိနစ်မှာ လူငယ်ကစားသမား အာမက်ဒီရာလိုကတဂိုး ဒုတိယပိုင်း ပွဲချိန် မိနစ် ၇၀ မှာ ဂျိုလ်းဟူဂဲလ်က တဂိုးသွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

မန်ယူအသင်းဟာ အခုရာသီအကြိုပွဲစဉ်တွေမှာ ပထမဆုံးနိုင်ပွဲရတာ ဖြစ်ပြီး ပြီးခဲ့တဲ့ ဇူလိုင် ၁၅ ရက်က နော်ဝေကလပ် ရိုစန်ဘာဂ်အသင်းနဲ့ နော်ဝေနိုင်ငံမှာ ခြေစမ်းကစားခဲ့တာမှာ   (၁-၀) ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။

မန်ယူအသင်းအနေနဲ့ ပရီးမီးယားလိဂ်ဆုဖလား ရယူနိုင်ဖို့ အလှမ်းဝေးကွာနေဆဲဖြစ်ကြောင်း နည်းပြ အဲရစ်တန်ဟတ်ဂ်ကဝ န်ခံပြောသွားပါတယ်။

AD သတင်းဌာနဲ့ အင်တာဗျူးမှာ မန်ယူအသင်းကို အကြီးစားပြင်ဆင်မှုတွေ လုပ်ဆောင်သွားရမှာဖြစ်ပြီး ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်လို ဆုဖလားတွေရယူနိုင်ဖို့ အလှမ်းဝေးကွာနေဆဲဖြစ်ကြောင်း နည်းပြတန်ဟတ်ဂ်က ပြောပါတယ်။

တချိန်က မန်ယူနည်းပြဟောင်း ရင်းနစ်ဂ်ဟာလည်း အလားတူ ပြောခဲ့ဖူးပြီး ရင်းနစ်ဂ်ရဲ့ မှတ်ချက် အပေါ် သဘောတူ လက်ခံကြောင်း နည်းပြတန်ဟတ်ဂ်က ပြောပါတယ်။

မန်ယူအသင်းကို အဓိက ဆုဖလားတွေ ရယူပေးချင်ပြီး အဲဒီလို လုပ်ဆောင်နိုင်ဖို့အတွက် ရှေ့ဆက်ပြီး ကြိုးပမ်းသွားရမှာဖြစ်တယ်လို့လည်း နည်းပြတန်ဟတ်ဂ်က ပြောပါတယ်။

တန်ဟတ်ဂ်ဟာ မန်ယူနဲ့ ၂ နှစ်တာကာလအတွင်းမှာတော့ အက်ဖ်အေဖလားနဲ့ လိဂ်ဖလားတွေ ရယူနိုင်ခဲ့ပါတယ်။ 

မန်ယူအသင်းအနေနဲ့ ရလဒ်မကောင်းတာနဲ့ နည်းပြတန်ဟတ်ဂ် ထုတ်ပယ်ခံရနိုင်ကြောင်း အသင်းဂန္ထဝင် ကစားသမားဟောင်း တက်ဒီရှာရင်ဂမ်က ပြောသွားပါတယ်။

နည်းပြတန်ဟတ်ဂ်ဟာ အသင်းကနေ ထုတ်ပယ်ခံရဖို့ အလွန်နီးစပ်ခဲ့ပေမဲ့ အက်ဖ်အေဖလားချန်ပီယံရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပြီးနောက်  တနှစ်သက်တမ်းတိုး စာချုပ်ချုပ်ဆိုခဲ့တာပါ။

ဘောလုံးမှာ ဘာမဆိုဖြစ်နိုင်ပြီး နည်းပြတန်ဟတ်ဂ်ရဲ့ အနာဂတ်ဟာလည်း အာမခံချက် မရှိကြောင်း၊ သုံးပွဲလောက် ရလဒ်မကောင်းတာနဲ့ ၂ ပတ်အတွင်းမှာ ထုတ်ပယ်ခံရနိုင်ကြောင်း တက်ဒီရှာရင်ဂမ်က ပြောပါတယ်။

မန်ယူအသင်း နည်းပြအဖွဲ့ဝင်စာရင်းမှာ တိုက်စစ်မှူးဟောင်း နစ္စတယ်ရွိုင်းကို ထည့်သွင်းခဲ့တာက မှန်ကန်ပြီး တန်ဖိုးရှိတဲ့ အတွေ့အကြုံတွေ ယူဆောင်ပေးလိမ့်မယ်လို့ တက်ဒီရှာရင်ဂမ်က ပြောသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013