DVB Logo
Home
နိုင်ငံတကာ
ယူကရိန်းသမ္မတ ဇလန်းစကီးနှင့်ဖုန်းဆက်စကားပြောပြီး စစ်ပွဲအဆုံးသတ်ရန်ကတိပြုခဲ့ဟု ထရမ့်ပ်ပြော
DVB
·
July 20, 2024
ယူကရိန်းသမ္မတ ဇလန်းစကီးနှင့်ဖုန်းဆက်စကားပြောပြီး စစ်ပွဲအဆုံးသတ်ရန်ကတိပြုခဲ့ဟု ထရမ့်ပ်ပြော
Donate to DVB

အမေရိကန် ရီပတ်ဘလီကန် သမ္မတလောင်း ဒေါ်နယ်လ်ထရမ့်ပ်ဟာ ယူကရိန်းသမ္မတ ဇလန်းစကီးနဲ့ ဇူလိုင် ၁၉ ရက်က "အလွန်ကောင်းမွန်တဲ့ ဖုန်းခေါ်ဆိုမှု" ရှိခဲ့ပြီး ဆွေးနွေးမှုတွေကတဆင့် မော်စကိုနဲ့ ကိယက်ဗ်တို့ တိုက်နေတဲ့ စစ်ပွဲကို အဆုံးသတ်ပေးဖို့ ကတိပြုခဲ့ကြောင်း  သူ့ရဲ့ ထရုသ် ဆိုရှယ်မီဒီယာမှာ ပို့စ်တင် ပြောကြားခဲ့ပါတယ်။ 

ထရမ့်ပ်က သူသာ နိုဝင်ဘာ ၅ ရက် ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ရင် သမ္မတတာဝန် ထမ်းဆောင်မယ့် ဇန်နဝါရီလ မတိုင်ခင်မှာပဲ ယူကရိန်းစစ်ပွဲကို အဆုံးသတ်မယ်လို့ ပြောကြားခဲ့ပါတယ်။

ကရင်မ်လင်ဟာ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှာ ယူကရိန်းကို တပ်ဖွဲ့ဝင်တွေ စေလွှတ်ခဲ့ချိန်က သမ္မတရာထူး ရနေခဲ့ရင် ဒီစစ်ပွဲက ဖြစ်လာမှာတောင် မဟုတ်ဘူးလို့လည်း ပြောဆိုပါတယ်။ 

ထရမ့်ပ်က သူဟာ သမ္မတအနေနဲ့ "ကမ္ဘာ့ငြိမ်းချမ်းရေးကို ယူဆောင်လာပြီး အသက်ပေါင်း များစွာ ဆုံးရှုံးခဲ့ရတဲ့ စစ်ပွဲကို အဆုံးသတ်မှာပါ" လို့  သူ့ရဲ့ ထရုသ် ဆိုရှယ်ပို့စ်မှာ ပြောကြားခဲ့ပါတယ်။

ထရမ့်ပ်ဟာ မြင်သာထင်သာရှိတဲ့ မူဝါဒ အဆိုပြုချက် အနည်းငယ်ကို တင်ပြခဲ့ပေမဲ့ ပြီးခဲ့တဲ့နှစ် ရိုက်တာနဲ့ အင်တာဗျူး တခုမှာ သူက ငြိမ်းချမ်းရေး သဘောတူညီချက် ရရှိဖို့ဆိုရင် ယူကရိန်းဟာ နယ်မြေတချို့ကို စွန့်လွှတ်ရဖွယ်ရှိကြောင်း ပြောထားဖူးပါတယ်။ 

ယူကရိန်းသမ္မတ ဇီလန်စကီးကလည်း ထရမ့်ပ်နဲ့ စကားပြောဆိုခဲ့ကြောင်း ထုတ်ပြန်ခဲ့ပြီး အမေရိကန်ရဲ့ စစ်ရေးအကူအညီအတွက် ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ပါတယ်။ 

ဒါပေမဲ့ ၂၈ လကြာ ပဋိပက္ခကို အဆုံးသတ်မယ့် ကြိုးပမ်းမှုကိုတော့ ဆိုရှယ်မီဒီယာ ပလပ်ဖောင်း X မှာကိုးကားဖော်ပြထားခြင်း မရှိပါဘူး။  

ဇလန်းစကီးဟာ သူ့ရဲ့ပို့စ်မှာ ထရမ့်ပ်ကို ရီပတ်ဘလစ်ကန် သမ္မတလောင်း ကိုယ်စားလှယ် ဆန်ခါတင် စာရင်းဝင်အဖြစ် ချီးကျူးဂုဏ်ပြုခဲ့ပြီး ပြီးခဲ့တဲ့သီတင်းပတ်က သူ့ကို လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးပမ်းမှုကို ရှုတ်ချကြောင်း ပြောကြားခဲ့ပါတယ်။ 

ဒါပေမဲ့ ယူကရိန်းမှာ ရုရှားတပ်တွေ ရှိနေသရွေ့ ပဋိပက္ခတွေ အဆုံးသတ်ရေးအတွက် ရုရှားနဲ့ ဘာဆွေးနွေးညှိနှိုင်းမှုမှ မလုပ်နိုင်ဘူးလို့ ဇီလန်စကီးက ငြင်းဆိုထားပါတယ်။

ပြီးခဲ့တဲ့လက ရုရှားကို မဖိတ်ကြားခဲ့ဘဲ ကျင်းပခဲ့တဲ့ ကမ္ဘာ့ထိပ်သီးညီလာခံမှာ ယူကရိန်းသမ္မတဟာ ရုရှားတပ်တွေ ဆုတ်ခွာရေးနဲ့ ၁၉၉၁ ခုနှစ် ဆိုဗီယက်ခေတ်နောက်ပိုင်း ယူကရိန်းရဲ့ နယ်နိမိတ်တွေကို တောင်းဆိုထားတဲ့ ငြိမ်းချမ်းရေးအစီအစဉ်တစ်ရပ်ကို အဆိုပြုခဲ့ပါတယ်။ 

ရုရှားတပ်တွေဟာ ယူကရိန်းနယ်မြေရဲ့ ၂၀ ရာခိုင်နှုန်းလောက်ကို သိမ်းပိုက်ထားတာပါ။ မော်စကို တပ်ဖွဲ့တွေဟာ ဖေဖော်ဝါရီလက ယူကရိန်းရဲ့ အဓိကမြို့ဖြစ်တဲ့ အာ့ဗ်ဒီးကာကို သိမ်းပိုက်ပြီးနောက် နိုင်ငံအရှေ့ဘက်ကို ကီလိုမီတာ ၁၀၀၀ လောက် ရှေ့တိုးလာခဲ့ပါတယ်။

 Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013