DVB Logo
Home
နိုင်ငံတကာ
ပြင်သစ်တွင် မီးလောင်မှုကြောင့် ကလေး ၃ ဦးအပါအဝင် ၇ ဦး သေဆုံး
DVB
·
July 20, 2024
ပြင်သစ်တွင် မီးလောင်မှုကြောင့် ကလေး ၃ ဦးအပါအဝင် ၇ ဦး သေဆုံး
Donate to DVB

ပြင်သစ်နိုင်ငံ မြစ်ဝကျွန်းပေါ်ဒေသ အကြီးဆုံးမြို့ဖြစ်တဲ့ နီးစ်ဆာမြို့မှာ ဇူလိုင် ၁၈ ရက်က လူစည်ကားတဲ့ ၇ ထပ် အဆောက်အအုံရှိ တိုက်ခန်းတခန်း မီးလောင်မှုကြောင့် ကလေး ၃  ဦးနဲ့ သူတို့ရဲ့မိခင် အပါအဝင် လူ ၇ ဦး သေဆုံးသွားပြီး အာဏာပိုင်တွေကတော့ မီးရှို့မှုလို့ သံသယ ရှိခဲ့ပါတယ်။

လူသေဆုံးမှုဖြစ်စေတဲ့မီးရှို့မှုအဖြစ် ရာဇ၀တ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးရေး အမှုဖွင့်လိုက်တယ်လို့ နီးစ်ဆာမြို့မှ အစိုးရရှေ့နေ ဒါမီယန် မာတီနဲလီက ပြောပါတယ်။

ဒေသစံတော်ချိန် မနက် ၃ နာရီလောက်မှာ စတင်မီးလောင်ခဲ့တာဖြစ်ပြီး ပြတင်းပေါက်အနီးရှိ လူတွေကိုသာ ကယ်ဆယ်နိုင်ခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ဒေသဆိုင်ရာ ကိုယ်စားလှယ် ဟူးဂတ်မုတူက BFM ရုပ်သံဌာနကို ပြောကြားခဲ့ပါတယ်။

မီးလောင်မှုကြောင့် အမျိုးသားတဦး၊ ဆယ်ကျော်သက်တဦး၊ အမျိုးသမီး ၂ ဦးနဲ့ ကလေးငယ် ၃ ဦး သေဆုံးခဲ့ပါတယ်။

သေဆုံးသူတွေထဲက တဦးဟာ မွေ့ရာနဲ့ချည်ပြီး ပြတင်းပေါက်ကနေ ခုန်ချခဲ့တဲ့ ဖခင်တဦး ဖြစ်တယ်လို့ မုတူက ပြောပါတယ်။

သေဆုံးသူတွေဟာ မီးလောင်ခဲ့တဲ့ စတုရန်းမီတာ ၈၀ အကျယ်အဝန်းရှိ တိုက်ခန်းမှာ နေထိုင်ကြတဲ့ လူ ၁၀ ဦးရှိ မိသားစုမှ မိသားစုဝင်တွေ ဖြစ်တယ်လို့လည်း ဆိုပါတယ်။ 

 Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013