DVB Logo
Home
မြန်မာသတင်း
သံတွဲမြို့ခံ ၁၀၀ ကျော်နှင့် စစ်တွေမြို့ခံ ၁၀၀၀ နီးပါးကို စစ်ကောင်စီတပ်က ဖမ်းဆီး 
DVB
·
July 19, 2024
သံတွဲမြို့ခံ ၁၀၀ ကျော်နှင့် စစ်တွေမြို့ခံ ၁၀၀၀ နီးပါးကို စစ်ကောင်စီတပ်က ဖမ်းဆီး 
Donate to DVB

ရခိုင်ပြည်နယ်၊ သံတွဲမြို့ ၊ ဂျိတ္တောရပ်ကွက်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဟာ ဇူလိုင် ၁၈ ရက် မနက်ပိုင်းက ဒေသခံ အရပ်သား ၁၀၀ ကျော်ကို ဖမ်းဆီးခဲ့တဲ့အပြင် သူတို့ရဲ့ လက်ကိုင်ဖုန်းတွေပါသိမ်းဆည်းထားကြောင်း ဒေသခံတွေထံက သိရပါတယ်။

သံတွဲမြို့ ဂျိတ္တောရပ်ကွက်အတွင်း ပိတ်မိနေတဲ့ ဒေသခံသက်ကြီးပိုင်း အမျိုးသားနဲ့ အမျိုးသမီးအပါအဝင် လူငယ်တချို့ကို စစ်ကောင်စီက ဖမ်းဆီး ခေါ်ဆောင်သွားပြီး လက်ဖုန်းတွေကိုပါ သိမ်းဆည်းထားဖြစ်တယ်လို့ မြို့ခံတဦးက ပြောပါတယ်။

"မနေ့က မနက် ၉ နာရီလောက်မှာ ဗမာစစ်တပ်က ကား ၃ စီးနဲ့ ရပ်ကွက်ထဲဝင်လာပြီး အိမ်ထဲထိဝ င်ဖမ်းသွားတာ။ ကျွဲသောက်ကုန်းပိုင်းကဆိုရင် တပိုင်းလုံးနီးပါးလောက်ပါသွားတာ။ လူ ၁၀၀ ကျော်လောက်ပါသွားတာ။"

ဖမ်းဆီးခံရသူတွေထဲက သက်ကြီးပိုင်းတချို့ပြန်လည်လွတ်မြောက်ခဲ့ပေမဲ့ လူငယ်တွေတော်တော်များများကိုတော့ ဆက်ပြီး ဖမ်းဆီးထားကြောင်းနဲ့ နောက်ထပ် ဖမ်းဆီးတာတွေ လုပ်ဆောင်မှာကို  စိုးရိမ်နေကြကြောင်း ဒေသခံတွေဆီက သိရပါတယ်။

အလားတူ ရခိုင်ပြည်နယ် စစ်တွေမြို့မှာလည်း အသက်ကြီးပိုင်း အမျိုးသားနဲ့ အမျိုးသမီးအပါအဝင် လူငယ်အရွယ်စုစုပေါင်း ၁၀၀၀ နီးပါးကို စစ်ကောင်စီက အကြောင်းမဲ့ ဖမ်းဆီးထားတယ်လို့  ဒေသခံတွေ ပြောပါတယ်။

လက်ရှိစစ်တွေမြို့အတွင်း ပိတ်မိနေတဲ့ ဒေသခံပြည်သူတွေမှာ မြို့ကိုစွန့်ခွာ စစ်ဘေးရှောင်ချင်ကြပေမဲ့ စစ်ကောင်စီတပ်ဖွဲ့က လမ်းတံတားဂိတ်တွေ တိုးမြှင့်ချထားကြောင်းနဲ့ စစ်ဆေးမှုတွေကို တင်းကျပ်စွာ လုပ်ဆောင်နေတာတွေကြောင့် မြို့ပြင်ထွက်ခွင့် မရတာတွေနဲ့ ကြုံတွေ့နေရကြောင်း သိရပါတယ်။

ဒါ့အပြင် စစ်ကောင်စီအနေနဲ့ သံတွဲမြို့ရှိ တခုတည်းကျန်ရှိတဲ့ ကွင်းဝိုင်းရေတပ်စခန်း မကျရှုံးစေဖို့အတွက် ဂျိတ္တောမှာတပ်စွဲခုခံနေကြောင်းနဲ့ အာရက္ခတပ်တော် (AA) က ငပလီကမ်းခြေရှိ ခမရ ၅၆၆ နဲ့ ခလရ ၅၅ တပ်ကို သိမ်းပိုက်ရရှိထားကြောင်း သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013