DVB Logo
Home
နိုင်ငံတကာ
ဥရောပကော်မရှင်ဥက္ကဋ္ဌ ဗွန်ဒါလေယန် ဒုတိယသက်တမ်းအတွက် ရွေးကောက်ခံရ
DVB
·
July 19, 2024
ဥရောပကော်မရှင်ဥက္ကဋ္ဌ ဗွန်ဒါလေယန် ဒုတိယသက်တမ်းအတွက် ရွေးကောက်ခံရ
Donate to DVB

လက်ရှိ ဥရောပကော်မရှင်မှာ ဥက္ကဋ္ဌတာဝန် ယူထားတဲ့ အာဆူလာ ဗွန်ဒါ‌လေယန်ဟာ လျှို့ဝှက်မဲခွဲမှုအရ ဒုတိယမြောက်သက်တမ်း ဆက်ထမ်းဆောင်ဖို့ ရွေးကောက်ခံခဲ့ရကြောင်း သိရပါတယ်။

အမတ်နေရာ စုစုပေါင်း ၇၂၀ အထိရှိတဲ့ ဥရောပပါလီမန်မှာ ဒီထိပ်တန်းရာထူးအတွက် ထောက်ခံမဲ ၄၀၁ မဲ၊ ကန့်ကွက်မဲ ၂၈၄ မဲနဲ့ ကြားနေမဲ ၁၅ မဲ ရလဒ်ထွက်ပေါ်ခဲ့ပါတယ်။

ဗွန်ဒါ‌ေလယန် အပေါ် ထောက်ခံသူ ၃၆၁ ဦးသာ လိုအပ်ခဲ့ပေမဲ့လည်း မဲအရေအတွက် ၄၀ တိတိ ပိုမိုရရှိခဲ့ပါတယ်။

၂၀၁၉ ခုနှစ်တုန်းက ဥရောပပြည်သူ့ပါတီဝင် ဗွန်ဒါ‌ေလယန်ကို ပထမဆုံး ရွေးကောက်တင်မြှောက်ခဲ့ပြီးနောက် EU ရဲ့  ပဲ့ကိုင်နေရာမှာ နောက် ၅ နှစ် ဆက်ရှိနေဖို့ သေချာသွားပြီ ဖြစ်ပါတယ်။

၁၃ ယောက်မြောက် ဥရောပကော်မရှင်ဥက္ကဋ္ဌ ဖြစ်လာတဲ့ ဗွန်ဒါ‌ေလယန်ဟာ ဗဟိုလက်ယာယိမ်းဝါဒီတဦး ဖြစ်သလို ဂျာမနီနိုင်ငံရဲ့ ကာကွယ်ရေးဝန်ကြီးဟောင်းလည်း ဖြစ်ပါတယ်။

“ဥရောပတိုက်အတွက် အရေးကြီးဆုံးအရာဟာ အတွင်းရော အပြင်မှာပါ တိုက်ခိုက်ခံနေရတဲ့ ဒီမိုကရေစီအပေါ် ခုခံကာကွယ်နိုင်ရေး ဖြစ်ပါတယ်” လို့ ဗွန်ဒါ‌ေလယန်က သတင်းထောက်တွေကို မှတ်ချက်ပေးပါတယ်။

အခုလိုမျိုး ဒုတိယအကြိမ် ရွေးကောက်ခံရမှုနဲ့ ပတ်သက်ပြီး ဗြိတိန်၊ ပြင်သစ်နဲ့ နယ်သာလန် စတဲ့ နိုင်ငံ့ခေါင်းဆောင်တွေကလည်း ဗွန်ဒါ‌ေလယန်ကို ချီးကျူးဂုဏ်ပြုခဲ့ကြပါတယ်။

ဒါ့အပြင် ထိပ်တန်းရာထူးနှစ်ခုဖြစ်တဲ့ EU ကောင်စီဥက္ကဋ္ဌ နေရာမှာ ပေါ်တူဂီဝန်ကြီးချုပ်ဟောင်း အန်တိုနီယို ကော်စတာနဲ့ အက်စတိုးနီးယား ဝန်ကြီးချုပ်အဖြစ် နုတ်ထွက်ခဲ့တဲ့ ကာရာ ကားလက်စ် တို့က နိုင်ငံခြားရေးမူဝါဒ အကြီးအကဲနေရာကို အသီးအသီး တာဝန်ယူသွားဖို့ ရှိနေပါတယ်။

Source-Reuters

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013