DVB Logo
Home
မြန်မာသတင်း
မဲဆောက်တွင် ၃ လကြာ ပိုင်ရှင်မဲ့အလောင်းဖြစ်ခဲ့သည့် မထက်ထက်ဇော်၏ စျာပန ကျင်းပ
DVB
·
July 19, 2024
မဲဆောက်တွင် ၃ လကြာ ပိုင်ရှင်မဲ့အလောင်းဖြစ်ခဲ့သည့် မထက်ထက်ဇော်၏ စျာပန ကျင်းပ
1 / 3
Donate to DVB

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာနေထိုင်တဲ့ ခင်ပွန်းဖြစ်သူဆီကို အလည်လာရောက်စဉ် အိမ်တွင်း အကြမ်းဖက်ခံခဲ့ရပြီး သေဆုံးခဲ့ရတဲ့ မထက်ထက်ဇော် (အသက် ၂၆ နှစ်) ရဲ့ ရုပ်အလောင်းဟာ ၃ လကျော်ကြာ မဲဆောက်ဆေးရုံကြီး ရေခဲတိုက်မှာ ပိုင်ရှင်မဲ့အလောင်းအဖြစ် ထိန်းသိမ်းထားရာကနေ ဒီကနေ့ ဇူလိုင် ၁၉ ရက်က မဲဆောက်မြို့တနေရာမှာ စျာပန ပြုလုပ်နိုင်ခဲ့ပါတယ်။

ကျူးလွန်သူ ဇော်ဝင်းထွဋ် (ခ) ဝဠာ ဆိုသူဟာ လင်မယား စကားများရာကနေ ဇနီးဖြစ်သူ မထက်ထက်ဇော်ကို ဦးခေါင်းကွဲအက်တဲ့အထိ ထိုးကြိတ်ခဲ့တာကြောင့် ပြီးခဲ့တဲ့ ဧပြီ ၆ ရက်မှာ သေဆုံးခဲ့တာပါ။

လူသတ်မှုဖြစ်စဉ် အစအဆုံး ဖော်ထုတ်ခဲ့သူ မထိပ်ထားက “တကယ်ဆို ကျနော်က ဘာအထောက်အထားမှမရှိတော့ အလောင်းထုတ်လို့မရဘူး။ မိသားစုကလည်း ဒီကိုလာလို့မရဘူး။ အဲ့တော့ သင်္ဂြိုဟ်လို့မရဘူး ဖြစ်နေတာ။ ပြီးတော့ ထိုင်းနိုင်ငံ မြန်မာသံရုံးကနေ ဖိအားပေးထားတာရှိတယ်၊ သူတို့ခွင့်ပြုမှ သင်္ဂြိုဟ်လို့ရမယ် ဆိုတာမျိုးပေါ့။ အဲဒီကြားက မတရားသေဆုံးခဲ့တာမို့ ကူညီပေးတဲ့သူတွေကြောင့် အခုလို သင်္ဂြိုဟ်နိုင်ခဲ့တာပါ”လို့ ပြောပါတယ်။

ကျူးလွန်သူဟာ အိမ်တွင်းအကြမ်းဖက်မှု ကျူးလွန်ပြီးတဲ့နောက် မြန်မာနိုင်ငံဘက် KNU ထိန်းချုပ်နယ်မြေထဲကို ထွက်ပြေးသွားခဲ့တာကြောင့် Lion Battlelion စစ်ကြောင်းကနေ ဖမ်းဆီးထိန်းသိမ်းထားခဲ့ပြီး ဇူလိုင် ၇ ရက်မှာ ထိုင်းနိုင်ငံ အာဏာပိုင်တွေဆီကို ပြန်လည်လွှဲပြောင်းပေးခဲ့ပါတယ်။

sister to sister အဖွဲ့မှ မသဉ္ဇာရွှန်းလဲ့ရည်က “ကျမတို့ sister to sister အဖွဲ့က ပါဝင်ကူညီခဲ့တာက အမျိုးသမီးတွေ မဲဆောက်မြို့မှာရော ထိုင်းနိုင်ငံထဲမှာရော ပြည်တွင်းထဲမှာရော အကြမ်းဖက်ခံရတာတွေဟာ ပြည်တွင်းအခြေအနေအရ အရေးမယူနိုင်ပေမဲ့ ထိုင်းနိုင်ငံရဲ့ဥပဒေကို အားကိုးချင်ပါတယ်။ ဒါကြောင့် နိုင်တဲ့ဝန်နဲ့ နိုင်တဲ့အားနဲ့ မဲဆောက်မှာ ကြိုးစားတာဖြစ်တယ်” လို့ DVB ကို ပြောပါတယ်။

စျာပနအခမ်းအနားကို မြန်မာရိုးရာအတိုင်း ပြုလုပ်ခဲ့ကြပြီး တော်လှန်ရေးမိတ်ဖက်အဖွဲ့တွေ၊ တတ်ကြွလှုပ်ရှားသူတွေ တက်ရောက်ကာ လိုက်ပါပို့ဆောင်ခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013