DVB Logo
Home
အားကစား
မက်ဂွဲယားကို အသင်းခေါင်းဆောင်ပြန်ခန့်ရန် မန်ယူပရိသတ် တောင်းဆို
DVB
·
July 18, 2024
မက်ဂွဲယားကို အသင်းခေါင်းဆောင်ပြန်ခန့်ရန် မန်ယူပရိသတ် တောင်းဆို
Donate to DVB

မန်ယူအသင်းပရိသတ်တွေဟာ နောက်ခံလူ မက်ဂွဲယားကို အသင်းခေါင်းဆောင်အဖြစ် ပြန်လည် ခန့်အပ်ဖို့ဆိုရှယ်မီဒီယာကနေ တောင်းဆိုခဲ့ကြပါတယ်။

မက်ဂွဲယားဟာ ခြေသလုံးကြွက်သား ဒဏ်ရာကြောင့် ယူရို ၂၀၂၄ ပြိုင်ပွဲကို လွဲချော်ခဲ့ပြီး တဦးတည်း လေ့ကျင့်ခန်းတွေ ပြန်လည်ပြုလုပ်နေတာပါ။

မန်ယူအသင်းရဲ့ လေ့ကျင့်ရေးအစီအစဉ်တခုမှာ အကယ်ဒမီအသင်းက လူငယ်ကစားသမားတွေကို မက်ဂွဲယားက လိုက်လံနှုတ်ဆက်ပြီး အားပေးစကားပြောခဲ့တာကို ရုပ်သံမီဒီယာတွေမှာ ဖော်ပြခဲ့ကြပါတယ်။

အဲဒီရုပ်သံကိုကြည့်ရူခဲ့ပြီးနောက်မှာ မက်ဂွဲယားဟာ အသင်းခေါင်းဆောင်ရာထူးနဲ့ ထိုက်တန် ကြောင်း မန်ယူပရိသတ်တွေက မှတ်ချက်ပေးခဲ့ကြတာပါ။

မက်ဂွဲယားရဲ့ လူငယ်တွေအပေါ် ပြုမူ ဆက်ဆံပုံက ခေါင်းဆောင်မှု အရည်အသွေးကို ပြသနေပြီး အသင်းခေါင်းဆောင်ရာထူးပြန်လည်ပေးအပ်ဖို့ မန်ယူပရိသတ်တွေက ဆိုရှယ်မီဒီယာမှာ ရေးသားခဲ့ကြပါတယ်။

လူငယ်တွေအပေါ် ဖေးမခဲ့တာက ခေါင်းဆောင် ကောင်းတဦးရဲ့အပြုအမူ ဖြစ်ကြောင်း ပရိသတ်တွေက မှတ်ချက်ပေးခဲ့ပါတယ်။

Photo- Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013