ကိုမိုအသင်းကို ၄ ဂိုး - ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲအပြီးမှာ နည်းပြ မိုက်ကယ် ကာရစ်ရဲ့ နည်းဗျူဟာကို ဝေဖန်ခဲ့ပေမဲ့ ဘရူနို ဖာနန်ဒက်စ်ကို မန်ချက်စတာယူနိုက်တက် အသင်းခေါင်းဆောင်အဖြစ် ဆက်လက်ထားရှိမယ်လို့ BBC အားကစားသတင်းက ဖော်ပြပါတယ်။
အဲဒီလို ဝေဖန်မှုတွေနဲ့ ပတ်သက်ပြီး အသင်းတိုက်စစ်မှူးဟောင်း ဝိန်းရွန်နီက ကစားသမားတွေဟာ တာဝန်ယူလိုစိတ်မရှိဘဲ တကိုယ်ကောင်းဆန်နေကြကြောင်း၊ နည်းပြ ကာရစ် အနေနဲ့ မိမိကိုယ်ကို ကာကွယ်ရုန်းကန်ဖို့ လိုအပ်ကြောင်း ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
လက်ရှိမှာ မန်ယူအသင်းဘက်က ဖာနန်ဒက်စ်ရဲ့ စိတ်ပျက်မှုကို နားလည်ပေးထားပြီး အပြစ်ပေး အရေးယူမှာ မဟုတ်ဘူးလို့ BBC သတင်းအရ သိရပါတယ်။











