
တော့တင်ဟမ်ဟော့စပါးအသင်းဟာ ၁၉၇၇ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် တန်းဆင်းရမဲ့ အန္တရာယ်ကနေ လွတ်မြောက်ဖို့ လာမဲ့ တနင်္ဂနွေနေ့မှာ အဲဗာတန်နဲ့ အရေးကြီးဆုံးပွဲ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
ဒါပေမဲ့ ဒီပွဲမှာ အသင်းခေါင်းဆောင် ခရစ္စတီယန် ရိုမီရိုကတော့ အသင်းနဲ့အတူ ရှိနေမှာ မဟုတ်ပါဘူး။
ဒူးဒဏ်ရာ ရနေတဲ့ ရိုမီရိုဟာ သူ့ရဲ့ကလပ်ဟောင်း ဘယ်လ်ဂရာနိုအသင်းရဲ့ အာဂျင်တီးနားချန်ပီယံရှစ် ဗိုလ်လုပွဲကို သွားရောက်အားပေးဖို့ မိသားစုနဲ့အတူ အာဂျင်တီးနားကို ပြန်သွားခဲ့တာပါ။
အဲဗာတန်နဲ့ပွဲမှာတော့ မေးရိုးကျိုးဒဏ်ရာရထားတဲ့ ဂျက်ဒ်စပဲန့်စ်က မျက်နှာဖုံးတပ်ပြီး ပါဝင် ကစား ပေးသွားမှာ ဖြစ်ပါတယ်။
Photo:Reuters










