DVB Logo
Home
မြန်မာသတင်း
၂ဝ၂၄-၂၅ ဘဏ္ဍာနှစ် ပထမ ၃ လပတ်အတွင်း မြန်မာနိုင်ငံ၏ ပြည်ပဆန်တင်ပို့မှု တိုးမြင့်လာ
DVB
·
July 17, 2024
၂ဝ၂၄-၂၅ ဘဏ္ဍာနှစ် ပထမ ၃ လပတ်အတွင်း မြန်မာနိုင်ငံ၏ ပြည်ပဆန်တင်ပို့မှု တိုးမြင့်လာ
Donate to DVB

မြန်မာနိုင်ငံ အနေနဲ့ အခုနှစ် ပထမ သုံးလအတွင်း ပြည်ပ ဈေးကွက်ကို ဆန်တန်ချိန် ၃၄၅၀၀၀ ကျော် တင်ပို့ထားပြီး ဆန်တင်ပို့မှုကနေ ဝင်ငွေ ၁၇၅ သန်း ရရှိခဲ့တယ်လို့ မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်ရဲ့ စာရင်းတွေအရ သိရပါတယ်။

အရင်ဘဏ္ဍာနှစ် အလားတူကာလက တင်ပို့မှုနဲ့နှိုင်းယှဉ်ရင်တော့ ပမာဏအားဖြင့် ၃၂ ရာခိုင်နှုန်း၊ တန်ဖိုးအနေနဲ့ ၅၅ ရာခိုင်နှုန်း တိုးတက်လာတာ တွေ့ရပါတယ်။

မြန်မာနိုင်ငံရဲ့ ဆန်တင်ပို့မှုက ပြီးခဲ့တဲ့ ၂ဝ၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဧပြီလက‌နေဇွန်လအထိ ပထမ ၃  လပတ်အတွင်းမှာ မက်ထရစ်တန်ချိန် ၂၆၀၀၀၀ ကျော်သာ ရှိပြီး ဆန်တင်ပို့မှုကနေ ရရှိတဲ့ ဝင်ငွေက အမေရိကန်ဒေါ်လာ ၁၁၃ သန်းသာ ရှိခဲ့တယ်လို့ မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်ရဲ့ စာရင်းအရ သိရပါတယ်။

မြန်မာနိုင်ငံအနေနဲ့ အခုဘဏ္ဍာနှစ် ပထမသုံးလအတွင်းမှာ တရုတ်၊ အင်ဒိုနီးရှားနဲ့ ဘယ်ဂျီယမ်နိုင်ငံဈေးကွက်တို့ကို အဓိက အများဆုံးတင်ပို့ခဲ့တာပါ။

ဒါ့အပြင် မြန်မာနိုင်ငံအနေနဲ့ အဆိုပါသုံးလတာကာလအတွင်းမှာ နယ်စပ်ကုန်သွယ်ရေးကတစ်ဆင့် တန်ချိန် ၁၀၀၀၀ ဝန်းကျင် တင်ပို့ခဲ့ပြီးပင်လယ်ရေကြောင်းကနေ တန်ချိန် ၃၃၅၀၀၀ ကျော် တင်ပို့ခဲ့တာဖြစ်တယ်လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် MRFရဲ့ စာရင်းတွေအရ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂_၂၀၂၃ ဘဏ္ဍာနှစ် ဧပြီလက‌နေ ဇွန်လအထိ ပထမ ၃ လပတ်အတွင်းမှာတော့ မြန်မာနိုင်ငံရဲ့ ပြည်ပဈေးကွက်ကို ဆန်တင်ပို့မှုက တန်ချိန် ၅၅၀၀၀၀ ကျော်ထိရှိခဲ့ပြီး ဆန်တင်ပို့မှုကနေ ရရှိတဲ့ ဝင်ငွေက အမေရိကန်ဒေါ်လာ ၁၈၃ သန်းထိ ရှိခဲ့တယ်လို့ အသင်းချုပ်ရဲ့ စာရင်းတွေအရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013