DVB Logo
Home
မြန်မာသတင်း
ဖလမ်းတွင် ဒုတပ်ကြပ် ၁ ဦး လက်နက်ခဲယမ်းများဖြင့် အလင်းဝင်
DVB
·
July 17, 2024
ဖလမ်းတွင် ဒုတပ်ကြပ် ၁ ဦး လက်နက်ခဲယမ်းများဖြင့် အလင်းဝင်
Donate to DVB

ချင်းပြည်နယ်၊ ဖလမ်းမြို့အခြေစိုက် စစ်ကောင်စီတပ်က ဒုတပ်ကြပ်အဆင့်ရှိသူတဦးဟာ လက်နက်ခဲယမ်းတွေနဲ့အတူ ဇူလိုင် ၃ ရက်မှာ Chin National Defense Force (CNDF) ထံ အလင်းဝင်ရောက်လာ ပါတယ်။

CNDF တာဝန်ခံတဦးက “ဖလမ်းမြို့မှာ အခြေစိုက်တဲ့ ခလရ ၂၆၈ တပ်ရင်းက ဒုတပ်ကြပ် မိုးဇက်ဟာ လက်နက်ခဲယမ်းတွေနဲ့အတူ ကျနော်တို့တပ်ဖွဲ့ဆီမှာ အလင်းဝင်ခဲ့တာပါ” လို့ DVB ကို ပြောပြပါတယ်။

အလင်းဝင်လာတဲ့ ဒုတပ်ကြပ် မိုးဇက်ဟာ MA 4 သေနတ် ၁ လက်၊ ကျည်ဘောက် ၄ ခု၊ ကျည်ဆန်အတောင့် ၁၂၀၊ 40 မမ ဗုံးသီး ၁၄ လုံးတို့နဲ့အတူ အလင်းဝင်ရောက်လာခဲ့တာလို့ သိရပါတယ်။

CNDF ပြောရေးဆိုခွင့်ရှိသူတဦးက“သူ့ကို ဆုကြေးငွေ သိန်း ၈၀ ချီးမြှင့်ပေးအပ်ခဲ့ပြီးတော့ လွတ်မြောက်နယ်မြေတခုဆီကို ပို့ဆောင်ပေးထားပါတယ်” လို့ ပြောပါတယ်။

ပြည်သူ့ဘက်ကို ရပ်တည်ပူးပေါင်းပြီးလိုကြတဲ့ စစ်ကောင်စီတပ်သားတွေအနေနဲ့လည်း CNO/CNDF တို့နဲ့ အမြန်ဆုံး ဆက်သွယ်ချိတ်ဆက်ပြီး အလင်းဝင်ရောက်ကြဖို့ CNO/CNDF က ဖိတ်ခေါ်ထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ သြဂုတ်လထဲမှာ ဖလမ်းမြို့က စစ်ကောင်စီတပ်ရင်းဌာနချုပ် ခလရ ၂၆၈ တပ်ရင်းကို ချင်းအမျိုးသားတပ်ဦး/ချင်းအမျိုးသားတပ်မတော် (CNF/CNA) ပူးပေါင်းအဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သားတွေ အများအပြား သေဆုံးပြီး လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရရှိခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013