DVB Logo
Home
မြန်မာသတင်း
ကချင်ပြည်နယ် မိုးမောက်မြို့ အနီး တိုက်ပွဲဖြစ်
DVB
·
July 17, 2024
ကချင်ပြည်နယ် မိုးမောက်မြို့ အနီး တိုက်ပွဲဖြစ်
Donate to DVB

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တွေ ဇူလိုင် ၁၅ ရက်က ထိတွေ့တိုက်ပွဲတွေ ဖြစ်ခဲ့တယ်လို့  ရှေ့တန်းသတင်းရင်းမြစ်ကနေ သိရပါတယ်။

စစ်ကောင်စီတပ်က ဗန်းမော်မြို့ကနေ မိုးမောက်မြို့နဲ့ မံစီမြို့တွေဆီကို ဇူလိုင် ၁၃ ရက်က စတင်ပြီး စစ်အင်အားတွေ ပို့ဆောင်နေခဲ့ရာမှာ ဇူလိုင် ၁၅ ရက် ညနေပိုင်းမှာ မိုးမောက် မရောက်ခင် ၆/၇ မိုင် ဝန်းကျင်မှာ တိုက်ပွဲဖြစ်ခဲ့တာလို့ KIA တပ်နဲ့ နီးစပ်သူတဦးက ပြောပါတယ်။

မိုးမောက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ စစ်ကြောင်းမှာ သံချပ်ကာ ကားတွေ ပါဝင်ပြီး တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်လို့ ပြောပါတယ်။

KIAနဲ့ နီးစပ်သူတဦးက “စကစက မံစီနဲ့ မိုးမောက်ဘက်ကို စစ်အင်အားတွေ ပို့နေတာရှိတယ်၊ ဗန်းမော်ကနေ မံစီ(၆၀၁) အထိတော့ စကစတွေ ရောက်ထားပြီ။ အရင် ကောင်ဂျာယန်မှာ ရှိတဲ့ KIA တွေလည်း ဆုတ်သွားပြီးဆိုတော့ မံစီဘက်တော့ တိုက်ပွဲမရှိဘူးလို့ ပြောရမယ်။ မိုးမောက်ဘက်တော့ တက်လာတဲ့ အဖွဲ့(စကစ)ကို မိုးမောက်(၄၃၇) မရောက်ခင်  ၆ မိုင် ၇ မိုင် ဝန်းကျင်းမှာ ဟန့်တား တိုက်ခိုက်တယ်လို့ ကြားတယ်။ မနေ့ ညကနေ ဖြစ်နေတယ်။ ဒီနေ့ကော ဆက်ဖြစ်နေတယ်တဲ့ သံချပ်ကာတွေကော ပါတယ်။ တိုက်ပွဲက ပြင်းထန်တယ်လို့ တခြားတော့ သေချာမသိရသေးဘူး” လို့ပြောပါတယ်။

နှစ်ဖက်တိုက်ပွဲတွေကြောင့် ၇ မိုင် ကျေးရွာနဲ့ ပတ်ဝန်းကျင်က ပြည်သူ့နေအိမ်တွေ မီးလောင် ပျက်စီးတာတွေ ရှိနေတယ်လို့ ဗန်းမော်မြို့က ဒေသခံတဦးက  ပြောပါတယ်။

“ဗန်းမော်က ငြိမ်နေတာ ကြာပြီး အခုရက်ပိုင်းမှ အသံတွေ ပြန်ကြားရနေတယ်။ ဒီမနက် ကြားတော့ အဲဘက် ၆/၇ မိုင်ဘက်က အိမ်တွေ မီးလောင်နေတယ်လို့ ပြောတယ်။ မနေ့ညနေပိုင်း ဇူလိုင် ၁၅ ရက်ကနေ မီးခိုးတွေ တက်နေတာ အများကြီး။ အခြေအနေတော့ သေချာမသိရသေးဘူး။ အဲဒီဘက်က ပြည်သူတွေလည်း အားလုံး ရှောင်နေတော့ အခုက  ၅ မိုင် အထိတော့ သွားလို့ရတယ်။”

ဗန်းမော်မြို့ပေါ်ကနေလည်း မြစ်တဖက်ကမ်း စင့်ကင်ကျေးရွာနဲ့ ခူးလီ၊ နားလိုက်ဘက်ခြမ်းကို စစ်ကောင်စီတပ်ကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေ ရှိနေတယ်လို့ သိရပါတယ်။

ဇူလိုင် ၁၆ ရက် ညနေပိုင်းမှာလည်း ဗန်းမော်မြို့ပေါ်က စစ်ကောင်စီတပ်စခန်း ပတ်ဝန်းကျင်ကို KIA က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ကျရောက် ပေါက်ကွဲတာတွေ ရှိတယ်လို့ မြို့ခံတွေကနေ သိရပါတယ်။

မိုးမောက်နဲ့ မံစီမြို့အနီးက စစ်ကောင်စီ တပ်စခန်းတွေကို KIA တပ်ဖွဲ့တွေက မေလမှာ စတင်တိုက်ခိုက်ခဲ့ပြီးနောက် ဗန်းမော်ပတ်ဝန်းကျင်မှာ တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားနေပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013