DVB Logo
Home
နိုင်ငံတကာ
ဝန်ကြီး ဘလင်ကန်နှင့် အစ္စရေးအရာရှိများ အပစ်အခတ်ရပ်စဲရေး ဆွေးနွေး
DVB
·
July 16, 2024
ဝန်ကြီး ဘလင်ကန်နှင့် အစ္စရေးအရာရှိများ အပစ်အခတ်ရပ်စဲရေး ဆွေးနွေး
Donate to DVB

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်ဟာ အစ္စရေးရဲ့ အရေးပါတဲ့ အရာရှိ ၂ ဦးကို ဇူလိုင် ၁၅ ရက်မှာ တွေ့ဆုံခဲ့ပြီး အစ္စရေးနဲ့ ပါလက်စတိုင်း စစ်သွေးကြွအဖွဲ့ ဟားမတ်စ်တို့အကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အတွက် ဆက်လက်ဆွေးနွေးခဲ့ကြောင်း နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ မက်သယူးမစ်လာက ပြောပါတယ်။

အမျိုးသားလုံခြုံရေးအကြံပေး ဇာချီ ဟာနက်ဘီနဲ့ အစ္စရေးရဲ့ မဟာဗျူဟာရေးရာဝန်ကြီး ရွန် ဒါမာ တို့နဲ့ တွေ့ဆုံမှုမှာ မေ ၃၁ ရက်က သမ္မတ ဂျိုးဘိုင်ဒင် ချမှတ်ခဲ့တဲ့ စည်းကမ်းချက်တွေအတိုင်း အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ကို ဆက်လက် အကောင်အထည်ဖော်ဖို့ အစ္စရေးက ကတိကဝတ်ပြုထားကြောင်း အတည်ပြုခဲ့ပါတယ်။

“သူတို့ဟာ ဓားစာခံတွေ လွတ်မြောက်ရေးနဲ့ ပါလက်စတိုင်း ပြည်သူတွေရဲ့ ဒုက္ခတွေကို သက်သာရာရစေရေးတို့အတွက် အပစ်အခတ်ရပ်စဲရေး ရရှိစေဖို့တွေကို ဆွေးနွေးခဲ့ကြတာ” လို့ မက်သယူးမစ်လာက သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

သမ္မတ ဂျိုးဘိုင်ဒင်က ပြီးခဲ့တဲ့သီတင်းပတ်က ကြေညာခဲ့တဲ့အတိုင်း မူဘောင် သဘောတူညီချက် ရထားပြီးဖြစ်ပေမဲ့ ပေါင်းကူးဖို့လိုတဲ့ကိစ္စတွေ အများကြီး ရှိနေသေးတာကြောင့် ဘလင်ကန်က အဲဒီကွဲလွဲမှုတွေကို ဘယ်လိုပေါင်းကူးပြီး နောက်ဆုံး သဘောတူညီချက်တခု ရဖို့အတွက် စိတ်ထဲမှာရှိထားတဲ့ လက်တွေ့ကျတဲ့ ဖြေရှင်းနည်းတွေအကြောင်း ပြောခဲ့ကြောင်းလည်း ဆိုပါတယ်။

အစ္စရေးဟာ စစ်သွေးကြွအဖွဲ့ရဲ့ ခေါင်းဆောင်ပိုင်းကို ပစ်မှတ်ထားပြီး ဒီသီတင်းပတ်ကုန် တိုက်ခိုက်မှုကြောင့် ယာယီစခန်းတခုမှာ ခိုလှုံနေရတဲ့ ပါလက်စတိုင်း အများအပြား သေဆုံးခဲ့ရအပြီး တနင်္လာနေ့မှာ ဟားမတ်စ်ကို ပိုမိုဖိအားပေးဖို့ ဂါဇာကမ်းမြောင်တောင်ပိုင်းနဲ့ အလယ်ပိုင်းကို တိုက်ခိုက်ခဲ့ပါတယ်။

အစ္စရေးရဲ့ တိုက်ခိုက်မှုအပြီး ၂ ရက်အကြာမှာ မြေထဲပင်လယ်ကမ်းရိုးတန်းအနီးရှိ လူစည်ကားတဲ့ မာဝါ့ဆီမြို့ဟာ မီးလောင်နေတဲ့ကားတွေ၊ ပျက်စီးနေတဲ့ အလောင်းတွေနဲ့ ရှုပ်ထွေးညစ်ပတ်နေတဲ့ အမှိုက်ကွင်းကျယ်ကြီးအဖြစ်ကို ပြောင်းလဲသွားရပြီး အသက်ရှင်ကျန်ရစ်တဲ့ စစ်ဘေးရှောင်တွေကတော့ သူတို့ ဘယ်ကိုထပ်ပြေးသင့်တယ်ဆိုတာ မသိတော့ဘူးလို့ ပြောပါတယ်။

စစ်ပွဲအတွင်း အသေအပျောက်အများဆုံး အစ္စရေးတိုက်ခိုက်မှုဖြစ်တဲ့ ဇူလိုင် ၁၃ ရက်က မာဝါ့ဆီမြို့ သတ်ဖြတ်ခံရမှုဟာ ထာဝရ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရဖို့ အနီးစပ်ဆုံးဖြစ်နေပြီ ဆိုပြီး နှစ်ဖက်စလုံးက ဖော်ပြခဲ့ကြတဲ့ စေ့စပ်ညှိနှိုင်းမှုတွေကို ဖုံးလွှမ်းသွားပါတယ်။

မာဝါ့ဆီ တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပေမဲ့လည်း ဟားမတ်စ်အုပ်စုဟာ ဆွေးနွေးပွဲမှ ထွက်ခွာခြင်း မရှိသေးကြောင်း ဟားမတ်စ် အကြီးတန်းအရာရှိတဦးက ဇူလိုင် ၁၃ ရက်မှာ ပြောကြားခဲ့ပါတယ်။

Source-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013