DVB Logo
Home
မြန်မာသတင်း
ရှမ်းမြောက်ကို ကူညီရန် စစ်ကောင်စီတပ်က  ရပခတပ်များကို  စစ်ကူလွှတ်
DVB
·
July 16, 2024
ရှမ်းမြောက်ကို ကူညီရန် စစ်ကောင်စီတပ်က  ရပခတပ်များကို  စစ်ကူလွှတ်
Donate to DVB

ရှမ်းမြောက်ဒေသတိုက်ပွဲတွေမှာ ကူညီဖို့ စစ်ကောင်စီတပ်က တောင်ကြီးအခြေစိုက် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံ တပ်ရင်းတွေကို ဇူလိုင် ၁၂ ရက်ကစတင်ပြီး စစ်ကူစစ်ကြောင်းတွေ စေလွှတ်ခဲ့တယ်လို့ ရပခနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်မှာ ဗိုလ်ချုပ်ဇော်မင်းလတ် ဦးဆောင်မှုနဲ့ ခြေလျင်၊ ခြေမြန်နဲ့ ပြည်သူ့စစ်တွေကို စစ်ကြောင်း ၃ ကြောင်းခွဲကာ လွှတ်ခဲ့တာဖြစ်တယ်လို့ ရပခနဲ့ နီးစပ်သူတဦးက DVB ကို ပြောပါတယ်။

“နောင်ချိုစစ်ကြောင်း၊ ကျောက်မဲစစ်ကြောင်းနဲ့ သီပေါစစ်ကြောင်း ဆိုပြီး စစ်ကြောင်း ၃ ကြောင်း လွှတ်ပေးတာ၊ အင်အားများတယ်၊ ရှမ်းမြောက်အတွက်ပဲ။”

ဒီစစ်ဆင်ရေးကို အရင် ကစထအဖွဲ့ ၂ ဖြစ်ခဲ့တဲ့ ဝန်ကြီးချုပ် ဒုဗိုလ်ချုပ်ကြီး(ငြိမ်း) အောင်အောင်က လမ်းညွှန်ခဲ့တာဖြစ်ပြီး ကစထမှူးဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်ကြီး နိုင်နိုင်ဦးတို့နဲ့ ပူးပေါင်းဆောင်ရွက်နေတာ ဖြစ်တယ်လို့ ရမခနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

“လားရှိုးအတွက် စစ်ကူက အရှေ့ပိုင်းတိုင်းနဲ့ အရှေ့အလယ်ပိုင်းတိုင်းရှိမယ်၊ တြိဂံတိုင်းရှိမယ်၊ လတ်တလော စစ်ကူကို ရပခတိုင်းက ပေးနေတယ်။”

တိုက်ပွဲပြင်းထန်လာပါက တြိဂံတိုင်းစစ်ဌာနချုပ်နဲ့ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တွေကပါ အားဖြည့်ကူညီပေးဖို့ ကက(ကြည်း)ရုံးက ညွှန်ကြားထားတယ်လို့လည်း စစ်ဘက်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

အရှေ့မြောက်တိုင်း စစ်ဌာနချုပ်ရှိရာ လားရှိုးမြို့ သိမ်းခံရပါက ဝန်ကြီးချုပ်၊ ကစထမှူး ၂ နဲ့ တိုင်းမှူးတို့ကို တာဝန်ကနေ အနားပေးမယ်ဆိုပြီး ပြီးခဲ့တဲ့လက စစ်ခေါင်းဆောင်က အသိပေးခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013