DVB Logo
Home
နိုင်ငံတကာ
ပါကစ္စတန် စစ်ဘက်အဆောက်အဦကို စစ်သွေးကြွ တိုက်ခိုက်
DVB
·
July 16, 2024
ပါကစ္စတန် စစ်ဘက်အဆောက်အဦကို စစ်သွေးကြွ တိုက်ခိုက်
Donate to DVB

ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်း ဘန်နူမြို့က စစ်ဘက်ဆိုင်ရာ အဆောက်အအုံတခုကို ဇူလိုင် ၁၅ ရက် မနက်ပိုင်းက စစ်သွေးကြွတွေက တိုက်ခိုက်ခဲ့ပြီး ပါကစ္စတန် လုံခြုံရေးတပ်ဖွဲ့တွေက တားဆီးနိုင်ခဲ့တယ်လို့ ဒေသတွင်းမီဒီယာတွေက ဖော်ပြပါတယ်။

ရေဒီယို ပါကစ္စတန်နဲ့ ပါကစ္စတန် ရုပ်မြင်သံကြား ကော်ပိုရေးရှင်း (PTV) တို့ရဲ့ ထုတ်ပြန်ချက်ထဲမှာ လက်နက်ကိုင်သောင်းကျန်းသူ အများအပြားဟာ အဆောက်အအုံရဲ့ အပြင်ဘက် နံရံနားမှာ ဖောက်ခွဲရေးပစ္စည်းတွေ တင်ဆောင်ထားတဲ့ ယာဉ်တစီးကို ဖောက်ခွဲပြီး နယ်မြေထဲကိုဝင်ဖို့ ကြိုးပမ်းခဲ့တယ်လို့ ဆိုပါတယ်။

နေမထွက်မီ ပေါက်ကွဲသံတွေကြားပြီး မီးခိုးတွေ တက်လာတယ်လို့ ဒေသခံ စီးပွားရေးလုပ်ငန်းရှင် တာရစ် အလီ ရှားက ရိုက်တာသတင်းဌာနကို ပြောပါတယ်။

ပေါက်ကွဲမှုကြောင့် အနီးနားက အဆောက်အအုံ အတော်များများရဲ့ ပြတင်းပေါက်တွေကနေ ကွဲထွက်လာတဲ့ မှန်အပိုင်းအစတွေ ပတ်ပတ်လည်က လမ်းတွေပေါ်မှာ ပြန့်ကျဲနေခဲ့ပါတယ်။

ပါကစ္စတန်အစိုးရနဲ့ စစ်တပ်တို့က တိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး ချက်ချင်း မှတ်ချက်မပေးသေးပါဘူး။

Source-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013