DVB Logo
Home
နိုင်ငံတကာ
ဈေးပေါသည့် တရုတ်ပို့ကုန်များကြောင့် ထိုင်းစီးပွားရေး ထိခိုက်နိုင်
DVB
·
July 16, 2024
ဈေးပေါသည့် တရုတ်ပို့ကုန်များကြောင့် ထိုင်းစီးပွားရေး ထိခိုက်နိုင်
Donate to DVB

အရှေ့တောင်အာရှရဲ့ ပထမဆုံး EV စက်ရုံ ဖွင့်နိုင်ပေမဲ့ ထိုင်းနိုင်ငံမှာ စက်ရုံအများအပြား ပိတ်ပစ်နေရသလို စျေးပေါတဲ့ တရုတ်ထုတ်ကုန်တွေကြောင့် ထိုင်းစီးပွားရေးဟာ ကသောင်းကနင်း အခြေအနေနဲ့ ရင်ဆိုင်နေရတယ်လို့ ရိုက်တာသတင်းက ဖော်ပြပါတယ်။

ထိုင်းနိုင်ငံမှာ ပထမဆုံး အရှေ့တောင်အာရှရဲ့ လျှပ်စစ်ကားစက်ရုံကို တရုတ်ကားကုမ္ပဏီ BYD က အခုလအစောပိုင်းမှာ ဖွင့်လှစ်ခဲ့တဲ့အတွက် လူဦးရေ ၆၆ သန်းရှိတဲ့ ဒီနိုင်ငံရဲ့ စက်မှုအမြော်အမြင်ရှိမှုကို ဝိုင်းဝန်းချီးကျူးခဲ့ကြပါတယ်။

ဒါပေမဲ့ လူသိပ်သတိမထားမိလိုက်တာကတော့ ဆူဇူကီးမော်တာဟာ တနှစ်ကို ကား ၆၀,၀၀၀ အထိ ထုတ်နိုင်တဲ့ စက်ရုံတရုံကို ပိတ်တော့မယ်လို့ ကြေညာလိုက်တဲ့သတင်း ဖြစ်ပါတယ်။

အရှေ့တောင်အာရှရဲ့ ဒုတိယမြောက် အကြီးဆုံးစီးပွားရေးအင်အားဖြစ်တဲ့ ထိုင်းမှာ ဂျပန်ကားကုမ္ပဏီလိုပဲ တခြားကုမ္ပဏီ အများအပြားဟာလည်း စက်ရုံတွေ ပိတ်နေကြတာ ရှိပါတယ်။

တရုတ်က စျေးပေါတဲ့ပို့ကုန်တွေ ဝင်လာသလို စွမ်းအင်စရိတ် ကြီးမြင့်လာတာ၊ လုပ်သားအင်အားစု အိုမင်းလာတာတွေကြောင့် ယှဉ်ပြိုင်နိုင်စွမ်းမှာ ကျဆင်းလာခဲ့ပါတယ်။

မနှစ်က ထိုင်းမှာ စက်ရုံ ၂,၀၀၀ နီးပါး ပိတ်ပစ်ခဲ့ရပြီး နိုင်ငံ အသားတင်ကုန်ထုတ်လုပ်မှု (GDP) ရဲ့ လေးပုံတပုံနီးပါးရှိတဲ့ ကုန်ထုတ်လုပ်ငန်းကဏ္ဍမှာ အဓိက ထိခိုက်ခဲ့တာ ဖြစ်ပါတယ်။

ဒီပြဿနာဟာ ဒေါ်လာ ဘီလီယံ ၅၀၀ တန်ကြေးရှိတဲ့ ထိုင်းစီးပွားရေးအပေါ်မှာရော ထိုင်းလုပ်သားတွေ အပေါ်မှာပါ သက်ရောက်မှု ကြီးကြီးမားမား ရှိနေပါတယ်။

ဒါကြောင့် ထိုင်းဝန်ကြီးချုပ် ဆေထာ ထဝီးဆင် ကတိပြုခဲ့သလို နိုင်ငံ နှစ်စဉ် GDP တိုးနှုန်းကို ပျမ်းမျှ ၅ ရာခိုင်နှုန်းအထက်ထားဖို့ ရုန်းကန်နေရတာ ဖြစ်ပါတယ်။

စက်မှုလုပ်ငန်းနယ်ပယ်ဟာ ထိုးဆင်းသွားပြီး လုပ်ငန်းလည်ပတ်နိုင်တဲ့ ပမာဏရဲ့ ၆၀ ရာခိုင်နှုန်းအောက်သာ အသုံးချနိုင်တယ်လို့ ဝန်ကြီးချုပ်က ပြီးခဲ့တဲ့အပတ်က လွှတ်တော်မှာ ပြောကြားခဲ့ပါတယ်။

တရုတ်က ဘယ်ကရော ညာကရော အလယ်ကပါ တင်ပို့နေတဲ့အပြင် စျေးကလည်း သက်သာတာကြောင့် ထိုင်းရဲ့ ဆယ်စုနှစ်များစွာ ကြာပြီဖြစ်တဲ့ ကုန်ထုတ်လုပ်မှု အဓိကအားထားတဲ့ စီးပွားရေးပုံစံ ကျိုးပျက်သွားပြီလို့ အမျိုးသားစီးပွားရေးနဲ့ လူမှုဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌ ဆူပါဗက် ဆိုင်ချူအာက ဆိုပါတယ်။

၂၀၂၃ ဇူလိုင်ကနေ ၂၀၂၄ ဇူလိုင်အတွင်း စက်ရုံပိတ်ပစ်ရမှုဟာ ရှေ့ ၁၂ လနဲ့ယှဉ်ရင် ၄၀ ရာခိုင်နှုန်းတောင် တက်လာပါတယ်။ အဲဒီကာလအတွင်း စက်ရုံတွေပိတ်လို့ အလုပ်အကိုင် ၅၀,၀၀၀ ကျော် ဆုံးရှုံးခဲ့ရပါတယ်။ ထိုင်းစီးပွားရေးဟာ ဒီနှစ်ထဲ ၂ ဒသမ ၅ ရာခိုင်နှုန်းပဲ တိုးမယ်လို့ မှန်းထားပါတယ်။

ဝန်ကြီးချုပ်ကတော့ ထိုင်းနိုင်ငံသား ၆၆ သန်းထဲက အကျုံးဝင်တဲ့ သန်း ၅၀ လောက် တယောက် ဘတ် ၁၀,၀၀၀ ပေးမယ့် Digital Wallet စီးပွားရေးကို ပြန်လှုပ်နှိုးပေးနိုင်ဖို့ မျှော်လင့်ထားပါတယ်။

နှောင့်နှေးနေတဲ့ Digital Wallet အစီအစဉ်အတွက် ဩဂုတ် ၁ ရက်မှာ စပြီး မှတ်ပုံတင်လို့ရပြီလို့ ဝန်ကြီးချုပ်က ကြေညာထားပါတယ်။

Source-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013