DVB Logo
Home
နိုင်ငံတကာ
ထရမ့်ပ်ကို ဟစ်တလာနှင့် ခိုင်းနှိုင်းခေါ်ဆိုခဲ့ဖူးသူ ဒုသမ္မတလောင်းအဖြစ် ရွေးချယ်ခံရ
DVB
·
July 16, 2024
ထရမ့်ပ်ကို ဟစ်တလာနှင့် ခိုင်းနှိုင်းခေါ်ဆိုခဲ့ဖူးသူ ဒုသမ္မတလောင်းအဖြစ် ရွေးချယ်ခံရ
Donate to DVB

အမေရိကန်ပြည်ထောင်စု၊ ဝက်စ်ကွန်ဆင်ပြည်နယ်၊ မာလ်ဝါးကီးမြို့မှာ ကျင်းပနေတဲ့ ရီပတ်ဘလီကန် နိုင်ငံလုံးဆိုင်ရာ ညီလာခံမှာ ဒေါ်နယ်ထရမ့်ပ်ကို ပါတီကိုယ်စားပြု သမ္မတလောင်းအဖြစ် တရားဝင် အဆိုပြုခဲ့ပါတယ်။

တရားဝင်သမ္မတလောင်းဖြစ်လာတဲ့ ထရမ့်ပ်ဟာ အသက် ၃၉ နှစ်သာရှိသေးတဲ့ အိုဟိုင်းယိုးပြည်နယ် အထက်လွှတ်တော်အမတ် ဂျေဒီဗန့်စ်ကို သူ့တွဲဖက် ဒုတိယသမ္မတလောင်းအဖြစ် ရွေးချယ်လိုက်ကြောင်းပါ ကြေညာခဲ့ပါတယ်။

၂၀၁၆ လောက်တုန်းက ဗန့်စ်ဟာ ထရမ့်ပ်ကို အရူးအနှမ်း (idiot) လို့  လူသိရှင်ကြား ခေါ်ခဲ့ဖူးသလို နာဇီခေါင်းဆောင်ကြီး အဒေါ့ဖ်ဟစ်တလာနဲ့တောင် ခိုင်းနှိုင်းခဲ့ဖူးသူ ဖြစ်ပါတယ်။

ဒါပေမဲ့ နောက်ပိုင်းမှာ ဗန့်စ်ဟာ ထရမ့်ပ်ဘက်က အတက်ကြွဆုံးရပ်တည်သူ ဖြစ်လာခဲ့ပြီး ၂၀၂၀ သမ္မတရွေးကောက်ပွဲမှာ မဲလိမ်ခံရတယ်ဆိုတဲ့ ထရမ့်ပ်ရဲ့ မခိုင်လုံတဲ့ စွပ်စွဲချက်ကိုပါ လက်ခံသူဖြစ်ပါတယ်။

ညီလာခံမှာတော့ မိန့်ခွန်းပြောသူအားလုံးက ဒီမိုကရက်သမ္မတ ဂျိုးဘိုင်ဒင်လက်ထက် ကုန်စျေးနှုန်းတက်ပြီး ငွေကြေးဖောင်းပွတဲ့အကြောင်းကို အဓိကထား ဝေဖန်ခဲ့ပါတယ်။

လာမယ့် ကြာသပတေးနေ့ကျမှ သမ္မတလောင်းအဖြစ် အဆိုပြုမှုကို လက်ခံကြောင်း ထရမ့်ပ် မိန့်ခွန်းပြောမှာ ဖြစ်ပါတယ်။

ဒုသမ္မတလောင်းအဖြစ် ရွေးချယ်ကြောင်း ကြေညာခဲ့အပြီးမှာ ဗန့်စ်ဟာ အိန္ဒိယနွယ်ဖွား ဇနီးသည် အူရှာနဲ့အတူ ညီလာခံစင်မြင့်မှာ ထွက်ပေါ်လာခဲ့ပါတယ်။

ဗန့်စ်ဟာ ထရမ့်ပ်ရဲ့ ပင်မထောက်ခံသူတွေကြားမှာ  လူကြိုက်များသူ ဖြစ်ပါတယ်။ ဒါပေမဲ့ ကိုယ်ဝန်ဖျက်ချတာလို ကိစ္စတွေမှာ ရှေးရိုးစွဲအမြင်ရှိသူ ဖြစ်ပါတယ်။

ဘိုင်ဒင်ကတော့ ဗန့်စ်ဟာ မူဝါဒရေးရာတွေမှာ ထရမ့်ပ်ရဲ့ ကလုန်းလို့ ဝေဖန်ခဲ့ဖူးပါတယ်။

Source-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013