DVB Logo
Home
အားကစား
ကိုပါအမေရိကဖလား အာဂျင်တီးနားအသင်းဗိုလ်စွဲ
DVB
·
July 15, 2024
ကိုပါအမေရိကဖလား အာဂျင်တီးနားအသင်းဗိုလ်စွဲ
Donate to DVB

ကိုပါအမေရိကဖလား ဘောလုံးပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲအဖြစ် ဇူလိုင် ၁၅ ရက် ဒီနေ့မနက်   အာဂျင်တီးနားအသင်းနဲ့ ကိုလံဘီယာအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာမှာ အာဂျင်တီးနားက ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရ ဗိုလ်စွဲသွားပါတယ်။

ဒီပွဲမှာ ပထမပိုင်းနဲ့ ဒုတိယပိုင်း ပုံမှန်ပွဲချိန်တွေမှာ နှစ်သင်းစလုံး ဂိုးပေါက်ကန်သွင်းခွင့်တွေ အပြန်အလှန်ရခဲ့ပေမဲ့ ဂိုးဝင်အောင် မသွင်းနိုင်ခဲ့ဘဲ သရေကျနေခဲ့ပါတယ်။ အချိန်ပို ဆက်ကစားရာမှာ ပွဲချိန် ၁၁၂ မိနစ်အရောက်မှာ အာဂျင်တီးနားအသင်းက မာတီနက်ဇ်ရဲ့ သွင်းဂိုးနဲ့ အနိုင်ရသွားတာ ဖြစ်ပါတယ်။

ဒီပွဲမှာ အာဂျင်တီးနားအသင်းခေါင်းဆောင် မက်ဆီကတော့ ဒဏ်ရာရသွားလို့ လူစားလဲခံရပြီးနောက်မှာ ငိုကြွေးနေခဲ့ပါတယ်။

ကိုပါအမေရိကဖလား ဘောလုံးပြိုင်ပွဲသမိုင်းမှာ အာဂျင်တီးနားအသင်းက ၁၆ ကြိမ်မြောက် ဗိုလ်စွဲတာဖြစ်ပါတယ်။

ကိုလံဘီယာအသင်းကတော့ တကြိမ်သာဗိုလ်စွဲခဲ့ဖူးပြီး ၂၀၀၁ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ကိုပါအမေရိကဖလား ဗိုလ်လုပွဲ တက်ရောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

အာဂျင်တီးနားကစားသမား ဒီမာရီယာကတော့ ဗိုလ်လုပွဲစဉ်အပြီးမှာ လက်ရွေးစင်ကစားသမား ဘဝကနေ အနားယူမှာ ဖြစ်ပါတယ်။

Photo-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013