DVB Logo
Home
အားကစား
မန်ယူနှင့်အတူ ကစားသမားဘဝ တဆင့်တက်လှမ်းရန် အသင့်ရှိဟု တိုက်စစ်မှူးသစ် ဇီယက်ဇီ ပြော
DVB
·
July 15, 2024
မန်ယူနှင့်အတူ ကစားသမားဘဝ တဆင့်တက်လှမ်းရန် အသင့်ရှိဟု တိုက်စစ်မှူးသစ် ဇီယက်ဇီ ပြော
Donate to DVB

မန်ယူအသင်းနဲ့အတူ ကစားသမားဘဝ နောက်တဆင့် တက်လှမ်းဖို့ အဆင်သင့်ရှိကြောင်း တိုက်စစ်မှူးသစ် ဂျိုရူအာဇီယက်ဇီက ပြောသွားပါတယ်။

ဟော်လန်တိုက်စစ်မှူးဟာ အီတလီကလပ် ဘိုလော့ဂ်ညာ အသင်းကနေ ပေါင် ၃၆ သန်းခွဲနဲ့ ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး အသင်းနဲ့ ၅ နှစ်စာချုပ် ချုပ်ဆိုခဲ့တာပါ။

အသင်းနဲ့ ပထမဆုံးအင်တာဗျူးအစီအစဉ်မှာ မန်ယူအသင်းလို နာမည်ကျော်အသင်းဆီပြောင်းရွှေ့ ခွင့်ရလို့ ကျေနပ်ဂုဏ်ယူမိပြီး အသင်းနဲ့အတူ ကစားသမားဘဝ နောက်တဆင့်တက်လှမ်းဖို့၊ ဆုဖလားတွေ ရယူသွားဖို့နဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့ အဆင်သင့်ရှိနေကြောင်း ဇီယက်ဇီက ပြောပါတယ်။

အသက် ၂၃ နှစ်ရှိ တိုက်စစ်မှူးဟာ ဟော်လန်အသင်းနဲ့အတူ ယူရိုပြိုင်ပွဲလူစာရင်းမှာ ပါဝင်ခဲ့တာကြောင့် ရက်အနည်းငယ် အားလပ်ရက်အပန်းဖြေထွက်ပြီး မကြာမီမှာ အသင်းနဲ့ ပြန်လည်ပူးပေါင်းမှာ ဖြစ်ပါတယ်။ 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013